ဆိုးလ်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် ပြုံချန်း ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲများ အတွက် ဘာသာပြန် အပလီကေးရှင်း ရရှိနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
အန်ကာရာ ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ၌ စစ်တပ်၏ မအောင်မြင်သော အာဏာသိမ်းမှု ဖြစ်စဉ်အတွင်း လူပေါင်း ၂၉ဝ ဦးကျော် သေဆုံးခဲ့ကြောင်း ဇူလိုင်လ ၁၇ ရက်တွင် ထုတ်ပြန်သည့် နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဟူစတန် ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ လူဝီစီးယားနား ပြည်နယ် ဘက်တန်မြို့လမ်းမပေါ်၌ ဇူလိုင်လ ၁၇ ရက်က ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတွင် ရဲအရာရှိသုံးဦး သေဆုံးပြီး လူပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရသွားကြောင်း သိရသည်။
ကွာလာလမ်ပူ ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ) မလေးရှားလေကြောင်းလိုင်း MH17 လေယာဉ်သည် ယူကရိန်းနယ်စပ်တွင် ပျက်ကျခဲ့သည်မှာ နှစ်နှစ် ကြာပြီဖြစ်သော်လည်း အဆိုပါလေယာဉ်ပျက်ကျရသည့် အကြောင်း နှင့်ပတ်သက်၍ အမှန်တရားပေါ်ပေါက်သည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မလေးရှားအစိုးရက ဇူလိုင် ၁၇ ရက်တွင် ထပ်မံကတိပြုပြောကြားလိုက်သည်။
မက္ကဆီကို စီးတီး၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) လတ်ဆတ်သော စားသောက်ကုန်များ၏ သက်တမ်းအား တိုးမြှင့်ပေးနိုင်မည့် တာရှည်ခံဆေး တစ်မျိုးအား မက္ကဆီကို သုတေသီများက တီထွင်လိုက်ကြောင်း UNAM (Mexico’s National Autonomous University) က ဇူလိုင်လ ၁၅ ရက်က ပြောကြားခဲ့သည်။
မက္ကဆီကို စီးတီး၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) လတ်ဆတ်သော စားသောက်ကုန်များ၏ သက်တမ်းအား တိုးမြှင့်ပေးနိုင်မည့် တာရှည်ခံဆေး တစ်မျိုးအား မက္ကဆီကို သုတေသီများက တီထွင်လိုက်ကြောင်း UNAM (Mexico’s National Autonomous University) က ဇူလိုင်လ ၁၅ ရက်က ပြောကြားခဲ့သည်။
တိုရန်တို ၊ ဇူလိုင် ၁၇ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံ၌ ဇူလိုင် ၁၆ ရက်က လေစီးကြောင်းပြောင်းလဲတိုက်ခတ်မှုကြောင့် တိုရန်တို လေဆိပ်သို့ဆင်းသက်လာသည့် လေယာဉ်လှုပ်ခါမှု ဖြစ်ပွားခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူ သုံးဦး ထိခိုက်ဒဏ်ရာရသွားကြောင်း လေကြောင်းတာဝန်ရှိသူများက သတင်းထုတ်ပြန်သည်။
အစ္စတန်ဘူလ်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ၌ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုကြောင့် တစ်ရက်ကြာ ဆိုင်းငံ့ထားရသည့် ၄၀ ကြိမ်မြောက် ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် ကော်မတီ အစည်းအဝေးအား ဇူလိုင်လ ၁၇ ရက်တွင် အစ္စတန်ဘူလ်မြို့မှာ ပြန်လည် စတင်မည် ဖြစ်ကြောင်း သိရသည်။
အစ္စတန်ဘူလ် ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ) တူရကီနိုင်ငံသမ္မတ Recep Tayyip Erdogan က နိုင်ငံအတွင်းဖြစ်ပွားခဲ့သော အာဏာသိမ်းမှုတွင် နောက်ကွယ်က ကြိုးကိုင်သူအဖြစ် စွပ်စွဲခံထားရသူ အမေရိကန်နိုင်ငံ၌ ခိုလှုံနေသည့် အတိုက်အခံခေါင်းဆောင်အား ပြန်လည်လွှဲပြောင်းပေးရန် အမေရိကန်သမ္မတ အိုဘားမားထံ ဇူလိုင် ၁၆ ရက်က တောင်းဆိုလိုက်ကြောင်းသိရသည်။
အန်ကာရာ ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ၌ အာဏာသိမ်းရန်ကြိုးပမ်းခဲ့သော Gulenist အတိုက်အခံအဖွဲ့၏ ဖမ်းဆီးခြင်းခံထားရသည့် တူရကီထိပ်တန်း တပ်မှူး ၃ ဦးအား ဓားစာခံအဖြစ် မှ ပြန်လည်ကယ်တင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း တူရကီနိုင်ငံကာကွယ်ရေးဝန်ကြီး Fikri Isik က ဇူလိုင် ၁၆ ရက် ညပိုင်းတွင်ကြေညာခဲ့သည်။