Connect with us

Latin America

ကျူးဘားနိုင်ငံ ခေါင်းဆောင်ဟောင်း ကက်စ်ထရို၏သား စိတ်ကျရောဂါ ခံစားရပြီးနောက် မိမိကိုယ်ကို သတ်သေ

ကျူးဘားနိုင်ငံ တော်လှန်ရေးခေါင်းဆောင် ဖီဒယ် ကက်စ်ထရို၏ သားအကြီးဆုံး Fidel Castro Diaz-Balart အား တွေ့ရစဉ် (ဆင်ဟွာ)

ဟာဗာနာ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံ တော်လှန်ရေးခေါင်းဆောင် ဖီဒယ် ကက်စ်ထရို၏ သားအကြီးဆုံး Fidel Castro Diaz-Balart သည် လအတော်ကြာ စိတ်ကျဝေဒနာခံစားခဲ့ရပြီးနောက် ဖေဖော်ရီလ ၁ ရက်က မိမိကိုယ်ကို သတ်သေသွားခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

ကျူးဘားအစိုးရ၏ တရားဝင်ထုတ်ပြန်ချက်အရ အသက် ၆၈ နှစ်အရွယ် Castro Diaz-Balart သည် ပြီးခဲ့သည့်လများက စိတ်ကျရောဂါအပြင်းစား ခံစားခဲ့ရပြီး ဆေးကုသမှုခံယူနေရသူဖြစ်ကြောင်း သိရသည်။

၎င်းသည် နိုင်ငံတော်ကောင်စီ၏ သိပ္ပံဆိုင်ရာ အကြံပေးနှင့် ကျူးဘားနိုင်ငံ သိပ္ပံတက္ကသိုလ်၏ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.