Connect with us

North America

လော့အိန်ဂျလိစ် အလယ်တန်းကျောင်း၌ စာသင်ခန်းအတွင်းပစ်ခတ်မှုကြောင့် လူ၅ဦး ဒဏ်ရာရရှိ

သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ Salvador Castro အလယ်တန်းကျောင်း သို့ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာစဉ် (ဆင်ဟွာ)

လေ့ာအိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အနောက်ပိုင်း လော့အိန်ဂျလိစ်မြို့ ရှိ Salvador Castro အလယ်တန်းကျောင်း တွင် ဖေဖော်ဝါရီ ၁ရက်က စာသင်ခန်းတစ်ခုအတွင်း သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ကျောင်းသား ၂ဦးအပါအဝင် လူ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။

အသက် ၁၅နှစ်အရွယ် ယောကျ်ားလေးတစ်ဦး၏ ဦးခေါင်းတွင် သေနတ်ကျည်ဆန်ထိမှန်ခဲ့ပြီး အခြေအနေစိုးရိမ်ရကြောင်း နှင့် နောက်ထပ် အသက် ၁၅နှစ်အရွယ် မိန်းကလေးတစ်ဦး၏ ခါးတွင် ကျည်ဆန်ထိမှန်ခဲ့သော်လည်း အခြေအနေတည်ငြိမ်ကြောင်း လော့အိန်ဂျလိစ်ရဲဋ္ဌာန (LAPD)၏ ပြောကြားချက်အရ သိရသည်။

L.A စာသင်ကျောင်း ရဲချုပ် Steve Zipperman က စာသင်ခန်းတစ်ခုအတွင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ပွားရာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ထံသို့ သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသစံတော်ချိန် နံနက် ၉နာရီတွင် အကြောင်းကြားလာခဲ့ပြီး အခင်းဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့ဝင်များ အလျင်အမြန်ရောက်ရှိလာကာ ကျောင်းပရဝဏ်အတွင်း ရှိ အခန်းများတွင် ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အခြား ကလေးငယ် ၂ဦး နှင့် အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း လူ ၃ဦးတွင် သေနတ်ပစ်ခတ်မှုကြောင့် မဟုတ်သည့် အသေးစား ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က မိန်းကလေးတစ်ဦးအား လက်ထိပ်ခတ်၍ တရားရုံသို့ခေါ်ဆောင်သွားသည်ကို တွေ့မြင်ခဲ့ရပြီး ၎င်းသည် သံသယရှိသူဖြစ်ကြောင်း Zipperman ကပြောကြားခဲ့သည်။

ရဲအရာရှိများက သေနတ်ပစ်ခတ်သူ သည် အသက် ၁၂ခန့်ရှိပြီဖြစ်ကာ တရားခံအသုံးပြုခဲ့သော လက်နက်အား ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ရဲအရာရှိများက သေနတ်ပစ်ခတ်မှုဖြစ်ပွားချိန်တွင် အခင်းဖြစ်ပွားရာ၌ ကျောင်းသားမည်မျှရှိနေသည်ကို အတိအကျ သိရှိခြင်းမရှိကြောင်း နှင့် သံသယရှိသူ၏ ရည်ရွယ်ချက်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ၍ အကြောင်းရင်းကိုသိရှိရန် စောနေသေးကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာ၌ ရဲတပ်ဖွဲ့များ ထူထပ်စွာချထားပြီး ကျောင်းပရဝဏ်အား ပိတ်ခဲ့ကြောင်း သိရသည်။ ကျောင်းပရဝဏ်အပြင်ဘက်၌ ပူပန်သောကရောက်နေသည့် မိဘများ နှင့် ဆွေမျိုးများ စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများ ၏ မိဘအားလုံးကိုအကြောင်းကြားပြီးဖြစ်ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

Salvador Castro အလယ်တန်းကျောင်း တွင် ကျောင်းသား ၄၂၈ဦး နှင် အချိန်ပြည့်ဆရာ ဦးရေ ၂၂ဦး ရှိပြီး ၉၂ရာခိုင်နှုန်းသော ကျောင်းသားများသည် စပိန်စကားပြောသူများဖြစ်ကြောင်း localschooldirectory ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် အချက်အလက်များအရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.