ကွာလာလမ်ပူ ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန် ၏ ဖအေတူမအေကွဲ ညီအစ်ကိုတော်စပ်သူ ကင်ဂျုံနမ်းအသတ်ခံရမှုတွင် ပါဝင်ဆက်နွယ်နေသည့် မြောက်ကိုးရီးယားနိုင်ငံသားတစ်ဦးကို ဖေဖော်ဝါရီလ ၁၈ ရက်က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း မလေးရှားနိုင်ငံရဲတပ်ဖွဲ့က အတည်ပြုပြောကြားသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယအမျိုးသမီးတစ်ဦးသည် ညစ်ညမ်းဝက်ဘ်ဆိုက်အားလုံးကို ချက်ချင်း ပိတ်ပင်ပေးရန် အိန္ဒိယနိုင်ငံ တရားရုံးချုပ်သို့ ဦးတိုက်လျှောက်ထားခဲ့ပြီး လျှောက်ထားရခြင်းအကြောင်းရင်းမှာ ၎င်း၏ ခင်ပွန်းဖြစ်သူသည် ညစ်ညမ်းဝက်ဘ်ဆိုက်စွဲလမ်းသူတစ်ဦးဖြစ်လာပြီး ရလဒ်အနေဖြင့် ၎င်း၏ မိသားစုဘဝ ပြိုကွဲခဲ့ရခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
ဘွန်း၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် တို့သည် ဖေဖော်ဝါရီ ၁၇ ရက်ကတွေ့ဆုံခဲ့ကြပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်တိုးတက်လာစေရန် အတူတကွ လက်တွဲလုပ်ဆောင်သွားသင့်ကြောင်း ပြောဆိုခဲ့ကြသည်။
လာဂို့စ်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ဘက် Ikoroduမြို့ ရှိ Majidun မြစ်အတွင်းသို့ ဖေဖော်ဝါရီ ၁၇ရက် နံနက်ပိုင်းက ခရီးသည်တင် ဇိမ်ခံဘတ်စ်ကားတစ်စီး ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၃ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
ဂျာကာတာ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံရှိ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးသည် ဆီးရီးယားနိုင်ငံ ရှိ IS စစ်သွေးကြွအုပ်စုနှင့် ပူးပေါင်းရန် တရားမဝင် စီစဉ်နေ၍ ၎င်းအားမိခင်နိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း အင်ဒိုနီးရှားရဲအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁၇ရက်တွင် ဂျာကာတာမြို့၌ ထုတ်ဖော်ပြောကြားခဲ့သည်။
ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ (DPRK) က မလေးရှားနိုင်ငံ တွင် ဖေဖော်ဝါရီ ၁၃ရက် အသတ်ခံရသည့် မြောက်ကိုရီးယားနိုင်ငံသား၏ ရုပ်အလောင်းအား မလေးရှားနိုင်ငံက ရင်ခွဲစစ်ဆေး၍ ရရှိလာသော ကွယ်လွန်ပြီးဆေးစစ်ချက်မှတ်တမ်းအား ခြွင်းချက်မရှိပယ်ချသွားမည်ဖြစ်ကြောင်း နှင့် ၎င်း၏ ရုပ်အလောင်းအား ချက်ချင်းလွှဲပြောင်းပေးရန် လိုလားကြောင်း ကွာလာလမ်ပူမြို့ရှိ...
ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ် သည် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ပြောရေးဆိုခွင့်ရှိသူမှ တဆင့် ပါကစ္စတန် နိုင်ငံ မြောက်ပိုင်းရှိ ဘာသာရေး အဆောက်အဦ တစ်ခုအား အကြမ်းဖက် တိုက်ခိုက်မှု ပြုလုပ် ခဲ့ခြင်းအပေါ် ပြစ်တင်ဝေဖန်...
မနီလာ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်သမ္မတ ဒူတာတေးက လွှတ်တော်အမတ် Antonio Trillanes IV အနေဖြင့် သမ္မတတွင် ဘဏ်အပ်ငွေ အမေရိကန်ဒေါ်လာ ၄၀.၀၆သန်းနှင့် ညီမျှသည့် ဖိလစ်ပိုင်ငွေ ၂ဘီလီယံ ပီဆို ရှိကြောင်း တစ်ကြိမ်သာ သက်သေပြနိုင်မည်ဆိုပါက သမ္မတရာထူးမှ နှုတ်ထွက်ပေးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ...
ဘဂ္ဂဒက် ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) အီရတ် နိုင်ငံ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက်နေ့၌် မြို့တော် ဘဂ္ဂဒက် တွင် ကားဗုံး ဖောက်ခွဲ တိုက်ခိုက်မှု ထပ်မံ ဖြစ်ပွား ခဲ့ပြီး ၄၅ ဦးသေဆုံးကာ ၅၆ ဦး ဒဏ်ရာရရှိစေခဲ့ကြောင်း...
ရီယာ့ဒ် ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျ နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန က နိုင်ငံတော် လုံခြုံရေး အဖွဲ့အစည်း အနေဖြင့် IS အကြမ်းဖက် တပ်ဖွဲ့ ၏ တပ်ဖွဲ့ခွဲ ၄ ခုကို ချေမှုန်း နိုင်ခဲ့ပြီး အဖွဲ့ဝင် ၁၈ ဦးကို...