Connect with us

Europe

လန်ဒန်မြို့လယ်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း ရဲတပ်ဖွဲ့ပြော


လန်ဒန် ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့လယ်ရှိ အောက်စ်ဖို့ဆပ်ကပ်ပြပွဲရုံတွင် နိုဝင်ဘာလ ၂၄ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

အောက်စ်ဖို့မြေအောက် ဆပ်ကပ်ရုံ နှင့် အောက်စ်ဖို့လမ်းပေါ်တွင် “ သေနတ်ပစ်ခတ်မှု သတင်းပေးပို့ချက်တစ်ခု” ကို ဒေသစံတော်ချိန် ညနေ ၄ နာရီ ၃၈ မိနစ်တွင် လက်ခံရရှိခဲ့ကြောင်း မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။၎င်းပစ်ခတ်မှုမှာ အကြမ်းဖက်မှုနှင့်ပတ်သက်ဆက်နွယ်မှု ရှိ မရှိစုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ စုံစမ်းစစ်ဆေးမှုအတွက် အောက်စ်ဖို့ဆပ်ကပ်ရုံကို ပိတ်ထားကြောင်းရဲတပ်ဖွဲ့ကဆက်လက်ပြောကြားခဲ့သည်။

လန်ဒန်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားသော နေရာအား လုံခြုံရေးအတားအဆီးများဖြင့် ပိတ်ဆို့ထားစဉ်(ဆင်ဟွာ)

လန်ဒန်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားသော နေရာအား လုံခြုံရေးအတားအဆီးများဖြင့် ပိတ်ဆို့ထားစဉ်(ဆင်ဟွာ)

အခင်းဖြစ်နေရာသည် ဈေးရောင်းပွဲတော်ကာလဖြစ်နေ၍ ဈေးဝယ်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။ လူမှုကွန်ရက်ပေါ်တွင် လွှင့်တင်ထားသော ဗီဒီယိုဖိုင်များတွင် လမ်းမပေါ်၌ လူများပြေးလွှားနေသူကိုတွေ့ရသည်။ဒေသခံများ၏အဆိုအရ အခင်းဖြစ်နေရာ၌ ရဲတပ်ဖွဲ့ဝင်အများအပြားကို တွေ့ရကြောင်း သိရသည်။(Xinhua)