မော်စကို၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေး အေဂျင်စီ (WADA) ၏ ဒေတာဘေ့စ်အား မကြာသေးမီက ဟက်ကာများ တိုက်ခိုက်ခဲ့မှု တွင် မည်သည့်ပါဝင်မှုမှ မပြုလုပ်ခဲ့ကြောင်း ရုရှားက စက်တင်ဘာ ၁၃ ရက်တွင်ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်ခေါင်းပါးခြင်း၊ တန်းတူညီမျှ မြှင့်တင်ရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ဟူသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင်များ (SDGs) ၂၀၃၀ အစီအစဉ် အတွက် ကမ္ဘာလုံးဆိုင်ရာ ပူးတွဲ အားထုတ်မှုနှင့်အတူ ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ...
တီကရစ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ ဆလာဟူဒင်ပြည်နယ် ရှိ မြို့တစ်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသော အီရတ်မိသားစုဝင် ၇ဦး သည် စက်တင်ဘာ၁၃ရက်တွင် ဗုံးပေါက်ကွဲမှုတစ်ရပ်ကြောင့် သေဆုံးခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ လုံခြုံရေး သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ပြောကြားခဲ့သည်။
စက်တင်ဘာလ ၁၄ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ သမ္မတ(ဟောင်း) ရှီမွန်ပီရက်စ်(Shimon Peres) သည် လေဖြတ်ဝေဒနာခံစားရသဖြင့် စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းက ဆေးရုံတင်လိုက်ရကြောင်း ၎င်း၏ ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဘာလင် ၊ စက်တင်ဘာလ ၁၄ ရက် (ဆင်ဟွာ) ပြီးခဲ့သော နှစ်က ပြင်သစ်နိုင်ငံ ပါရီမြို့အကြမ်းဖက်တိုက်ခိုက်မှု နှင့် ပတ်သက်ဆက်နွယ်နေသည့် အိုင်အက်စ်အကြမ်းဖက်သားများအဖြစ် သံသယ ရှိသူ သုံးဦးကို စက်တင်ဘာလ ၁၃ ရက် နံနက်ပိုင်းတွင် ဂျာမနီနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အာဂျင်တီးနား၊ စက်တင်ဘာ ၁၃ရက် (ဆင်ဟွာ) သိပ္ပံပညာရှင်များသည် အာဂျင်တီးနားနိုင်ငံ မြောက်ပိုင်း ၌ အလေးချိန် တန်၃၀ ရှိသည့် ဥက္ကာခဲကြီးအား ရှာဖွေတွေ့ရှိခဲ့ကြောင်း စက်တင်ဘာ ၁၂ ရက်က ထုတ်ပြန်ခဲ့သည်။
ဆိုးလ်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ၏ လတ်တလော နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံက နျူကလီယား လက်နက် သယ်ဆောင်နိုင်စွမ်းရှိပြီး အသံထက်မြန်သော ဗုံးကြဲလေယာဉ် နှစ်စင်းအား တောင်ကိုရီးယားနိုင်ငံသို့ စက်တင်ဘာလ ၁၂ ရက် စေလွှတ်ခဲ့ကြောင်း သိရသည်။
ပါရီ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ သမ္မတ ဖရန်ဆွာ ဟော်လန်ဒီ (Francois Hollande) နှင့် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာ မာကယ် (Angela Merkel) တို့သည် စက်တင်ဘာ ၁၅ရက်တွင် ပါရီမြို့၌ တွေ့ဆုံကာ Bratislava မြို့တွင် ကျင်းပမည့် ဥရောပသမဂ္ဂ...
မနီလာ ၊ စက်တင်ဘာလ ၁၃ ရက် (ဆင်ဟွာ) ပြီးခဲ့သော ရက်သတ္တပတ်က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပခဲ့သည့် အာဆီယံ- အမေရိကန်အစည်းအဝေးပွဲကို ရှောင်ရှားရန်အတွက် ရည်ရွယ်ချက်ရှိရှိ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးက စက်တင်ဘာလ ၁၂ ရက် ညပိုင်းက ဝန်ခံပြောကြားခဲ့သည်။
ခတ္တမန္ဒူ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ ဝန်ကြီးချုပ် Pushpa Kamal Dahal သည် စက်တင်ဘာ ၁၅ မှ ၁၈ ရက်အထိ အိန္ဒိယနိုင်ငံသို့ အလည်အပတ်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း နီပေါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က စက်တင်ဘာ ၁၂ရက် တွင်ထုတ်ပြန်ခဲ့သည်။