Connect with us

Asia

ရိုဟန်နီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ရန် မြောက်ကိုရီးယားထိပ်တန်း ဥပဒေပြုအမတ် အီရန်သို့သွားရောက်

မြောက်ကိုရီးယား ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ Kim Yong-nam အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ပြုံယမ်း ၊ ဇူလိုင် ၃၁ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ၏ ထိပ်တန်း ဥပဒေပြုအမတ် သည် ယခုရက်သတ္တပတ်ကုန်ပိုင်းတွင် ပြုလုပ်ရန်ရှိသည့် အီရန်နိုင်ငံသမ္မတ ဟူဆန်ရိုဟန်နီ၏ သမ္မတရာထူး ဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို တက်ရောက်ရန် အီရန်နိုင်ငံသို့ထွက်ခွာသွားကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံ အမြင့်ဆုံး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ Kim Yong-nam သည် ကျမ်းကျိန်ပွဲ အခမ်းအနားတက်ရောက်ရန် ရုရှားနိုင်ငံမှတဆင့် အီရန်နိုင်ငံသို့ထွက်ခွာသွားကြောင်း နှင့် သြဂုတ်လ ၁၁ ရက်တွင် မြောက်ကိုရီးယားနိုင်ငံသို့ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရအရာရှိများ၏ ပြောကြားချက်အရ သိရသည်။

၂ဝ၁၅ ခုနှစ်တွင် အီဂျစ်နိုင်ငံသို့သွားရောက်လည်ပတ်ခဲ့ပြီးနောက် ယခုခရီးစဉ်သည် Kim အတွက် ဒုတိယမြောက် နိုင်ငံခြား ခရီးစဉ်တစ်ခုဖြစ်သည်။ ပြီးခဲ့သော မေလ က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ ရိုဟန်နီသည် အီရန်နိုင်ငံ၏ သမ္မတ အဖြစ် ဒုတိယသက်တမ်းအတွက် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံရကြောင်း သိရသည်။(Xinhua)