ကဘူးလ်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Ghazni ပြည်နယ် ၌ ညသန်းခေါင်ယံအချိန်တွင် အာဖဂန်စစ်တပ်က စစ်ဆင်ရေးတစ်ခုဆောင်ရွက်ခဲ့ပြီး တာလီဘန်အကျဉ်းထောင်မှ လူ ၃၈ဦးကို ကယ်ဆယ်ခဲ့ကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၂၈ ရက်တွင်ပြောကြားခဲ့သည်။
မက္ကဆီကို စီးတီး၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ တောင်ပိုင်း Guerrero ပြည်နယ် တွင် လက်နက်များကိုင်ဆောင်ထားသော အရပ်သားအုပ်စု နှစ်ခု အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၂ဦးသေဆုံးပြီး အခြား ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ဇန်နဝါရီ ၂၇ ရက်တွင်ပြောကြားခဲ့သည်။
သဟိတ်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) နယ်သာလန်နိုင်ငံ သဟိတ်မြို့တွင် ဇန်နဝါရီ ၂၇ ရက်က ဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခုကြောင့် အဆောက်အဦးတစ်လုံး ပျက်စီးခဲ့ပြီး လူ ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လီမာ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) ပီရူးနိုင်ငံ တောင်ပိုင်း Apurimacပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟိုတယ်နံရံပြိုကျမှု ဖြစ်ပွားရာ လူ ၁၅ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပီရူးနိုင်ငံ နိုင်ငံတော် ပြည်သူ့ကာကွယ်ရေးဌာန က ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ရီယိုဒီဂျနေရို ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း Minas Gerais ပြည်နယ်၌ ဇန်နဝါရီ ၂၅ ရက်က ဖြစ်ပွားခဲ့သော ဆည်ကျိုးမှုအတွင်း လူပေါင်း ၃ဝ၅ ဦးပျောက်ဆုံးလျက်ရှိနေပြီး သေဆုံးသူအရေအတွက်မှာ ၅၈ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဆိုသည်။
ပါရီ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) တရုတ်နှစ်သစ်ကူးကို ဂုဏ်ပြုသောအားဖြင့် ပြင်သစ်နိုင်ငံ La Poste စာပို့လုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီက ဝက်နှစ်အထိမ်းအမှတ် တံဆိပ်ခေါင်း နှစ်စုံ ကို ဇန်နဝါရီလ ၂၈ ရက် နေ့တွင် တရားဝင်ရောင်းချသွားမည်ဖြစ် ကြောင်း ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မော်စကို၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ အနောက်ပိုင်း Saratov ဒေသ ရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် ဇန်နဝါရီ ၂၆ ရက်က ဂတ်စ်ငွေ့သုံး ဘွိုင်လာတစ်လုံးပေါက်ကွဲခဲ့ရာ ယင်းဆိုင်ရှိ လူ ၄၀ဦးအနက် ၂၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အရေးပေါ်အခြေအနေများဝန်ကြီးဌာနကပြောကြားခဲ့သည်။
ဆစ်ဒနီ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ဖီဂျီနိုင်ငံ အနီး၌ ဇန်နဝါရီ ၂၇ ရက် ဒေသစံတော်ချိန် နံနက် ၈နာရီ မတိုင်မီက အင်အား ၆.၂ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့ကပြောကြားခဲ့သည်။
မနီလာ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ အနောက်တောင်ပိုင်း ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုတွင် ဇန်နဝါရီ ၂၇ ရက်က ဗုံး၂လုံးပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၈ဦးသေဆုံးပြီး အခြားလူ ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောကြားခဲ့သည်။
တိုကျို၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဟွန်ရှူးကျွန်းပေါ်ရှိ အီဝါတီစီရင်စုတွင် ပြင်းအား ၅.၇ ပမာဏရှိသော ငလျင်တစ်ခု ဇန်နဝါရီလ ၂၆ ရက်က လှုပ်ရှားသွားကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဌာနက ပြောကြားခဲ့သည်။