Connect with us

Asia

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း၌ ဓာတ်ငွေ့အိုးပေါက်ကွဲမှုဖြစ်ပွားရာ လူ ၈ ဦးသေဆုံး၊ ၅ ဦးထိခိုက်ဒဏ်ရာရ

၂၀၁၉ခုနှစ် မေ ၈ ရက်တွင် ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်းရှိ Lahore မြို့၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီးနောက် ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် Washuk ခရိုင်၌ ဇွန် ၇ ရက် ညနေပိုင်းက ဓာတ်ငွေ့ဆလင်ဒါအိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ ဦး သေဆုံးပြီး အခြားလူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသမီဒီယာနှင့် တာဝန်ရှိသူတစ်ဦးက ဆိုသည်။Washuk ခရိုင် Mashkel ဒေသရှိ ဂဟေဆော် အလုပ်ရုံတစ်ခုမှ ဓာတ်ငွေ့အိုးကြီးတစ်ခု ပေါက်ကွဲခဲ့ကြောင်း၊ Mashkel နယ်မြေ လက်ထောက်ရဲမှူးကြီး Hameed Hamza Bangulzai က မီဒီယာသို့ ပြောသည်။
ရဲနှင့် ကယ်ဆယ်ရေးအဖွဲ့များသည် အချင်းဖြစ်နေရာသို့ အလျင်အမြန်သွားရောက်၍ ရုပ်အလောင်းများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသူများသည် အပျက်အစီးအောက်တွင်ရောက်ရှိနေခဲ့သည့်အတွက် ဒဏ်ရာမှာ ပြင်းထန်ကြောင်း ဆေးရုံ တာဝန်ရှိသူများက မီဒီယာသို့ပြောသည်။
အဆိုပါပေါက်ကွဲမှုကြောင့် အခြားဆိုင်လေးဆိုင်လည်း ပျက်စီးသွားခဲ့ပြီး အများပြည်သူ ထိတ်လန့်တုန်လှုပ်စရာဖြစ်ခဲ့ရသည်။

ဖောက်သည်အချို့ယူလာသော ဓာတ်ငွေ့ဆလင်ဒါအိုးအားဂဟေဆော်ရန် အလုပ်သမားတစ်ဦးက လုပ်ဆောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးကပြောသည်။
သေဆုံးသူများမှာ အာဖဂန်နိုင်ငံသား ၅ ဦးနှင့် ဒေသခံ ၃ ဦး တို့ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)

…………………………………………
(English Version)

8 killed, 5 injured in gas cylinder blast in SW Pakistan

ISLAMABAD, June 7 (Xinhua) — At least eight people were killed and five others injured on Monday evening in a gas cylinder blast in Washuk district of Pakistan’s southwestern Balochistan province, local media and an official said.

Assistant Commissioner of Mashkel area in the district Hameed Hamza Bangulzai told media that a gas cylinder exploded with a big bang in a welding workshop in Mashkel of Washuk district.

Police and rescue teams rushed to the site and shifted the bodies and the injured to a hospital.
Hospital officials told media that the injured got serious wounds as they were buried under debris.
The blast also destroyed four other shops and spread fear among citizens.

An eyewitness said the explosion occurred when workers were using a welding machine to repair a gas cylinder brought by some customer.
The deceased included five Afghan nationals and three locals, the reports added. Enditem