ဘန်ဒါဆရီဘဂါဝမ်၊ မေ ၁၈ ရက် (ဆင်ဟွာ) ဘရူနိုင်းနိုင်ငံ အစိုးရက COVID-19 ရောဂါစိုးရိမ်ပူပန်မှုများကြောင့် နောက်ထပ် တောင်အာရှနိုင်ငံ ၄ နိုင်ငံမှ နိုင်ငံခြားသားများအတွက် ပြည်ဝင်ခွင့်ကို ယာယီဆိုင်းငံ့ကြောင်း မေ ၁၇ ရက်က ကြေညာခဲ့သည်။
အန်ကာရာ ၊ မေ ၁၈ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၇၃၅ သန်းတန်ဖိုးရှိ စစ်လက်နက်များ ရောင်းချရန် ခွင့်ပြုခဲ့သည့်အတွက် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒင်အား တူရကီနိုင်ငံ သမ္မတ Recep Tayyip Erdogan ကပြစ်တင်ဝေဖန်လိုက်သည်။
ကုလသမဂ္ဂ၊မေ ၁၈ ရက်(ဆင်ဟွာ) အစ္စရေး-ပါလက်စတိုင်း တိုက်ပွဲများကြောင့် တစ်ပတ်အတွင်း သေဆုံးသူအရေအတွက်မှာ ၂၀၈ ဦး နှင့် ဒဏ်ရာရသူ အနည်းဆုံး ၁,၅၀၀ ဦး ခန့်ရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုအစီစဉ်များက မေ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ မေ ၁၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သက်ဆိုင်ရာဌာနများအနေဖြင့်တာဂျစ်ကစ္စတန်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွင် လေကြောင်းကာကွယ်ရေးစနစ်တည်ဆောက်ရေး သဘောတူညီချက်ရေးထိုးရန်ရုရှားနိုင်ငံသမ္မတပူတင်က မေလ ၁၇ ရက်၌ အမိန့်ကြေညာချက်တစ်ခု လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။
နယူးဒေလီ ၊ မေ ၁၇ ရက်(ဆင်ဟွာ) ဆိုင်ကလုန်းမုန်တိုင်း Tauktae သည် ယနေ့ မေ ၁၇ ရက်တွင် အလွန်ပြင်းထန်သော မုန်တိုင်းအဖြစ်သို့ အရှိန်မြှင့်လာခဲ့ပြီး အိန္ဒိယနိုင်ငံ ဂူဂျာရတ်ကမ်းရိုးတန်းသို့ ညနေပိုင်းတွင် ဝင်ရောက်နိုင်ကြောင်း အိန္ဒိယနိုင်ငံ မိုးလေဝသဌာန(IMD)က ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ မေ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဇီဝဆေးဝါးကုမ္ပဏီ Sinovac Biotech မှ ဝယ်ယူခဲ့သည့် Sinovac COVID-19 ကာကွယ်ဆေး စတုတ္တအသုတ်အား သယ်ဆောင်လာသည့် လေယာဉ်သည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ မေ ၁၆ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ကိပ်တောင်း ၊ မေ ၁၇ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံရဲတပ်ဖွဲ့၏ မေလ ၁၆ ရက်ပြောကြားချက်အရ နိုင်ငံမြို့တော် ကိပ်တောင်းတွင် မေလ ၁၅ ရက်၌ သေနတ်ပစ်ခတ်မှုများစွာဖြစ်ပွားခဲ့ပြီး လူ ၁၁ ဦးသေဆုံးကာ ၇ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ကုလသမဂ္ဂ ၊ မေ ၁၇ ရက် (ဆင်ဟွာ) ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မေလ ၁၆ ရက်၌ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခနှင့်ပတ်သက်၍ အရေးပေါ်အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပြီးနောက်တွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်း က ကုလသမဂ္ဂ ဆိုင်ရာ နော်ဝေ နှင့် တူနီးရှား နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်တို့နှင့်အတူ သတင်းမီဒီယာများအား တွေ့ဆုံးခဲ့ပြီး...
ဂျေရုဆလင် ၊ မေ ၁၆ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ တိုက်လေယာဉ်ဖြင့် ပါလက်စတိုင်း ဟားမတ်စ် အဖွဲခေါင်း Yahya Sinwar ၏ ဂါဇာဒေသတောင်ပိုင်း Khan Yunis မြို့ရှိနေအိမ်အား ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့က မေ ၁၆ ရက်၌ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ကွာလာလမ်ပူ ၊ မေ ၁၆ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ဘောလုံးအသင်းသည် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အာရှဇုန်ခြေစစ်ပွဲ နှင့် ၂၀၂၃ တရုတ် အာရှဖလားခြေစစ်ပွဲတို့မှ အသီးသီး နုတ်ထွက်သွားကြောင်း အာရှဘောလုံးအဖွဲ့ချုပ် က မေ ၁၆ ရက်၌ အတည်ပြုထုတ်ပြန်ခဲ့သည်။