Connect with us

International Organizations

ကုလသမဂ္ဂဆိုင်ရာ တရုတ် ၊ နော်ဝေ နှင့် တူနီးရှား အမြဲတမ်း ကိုယ်စားလှယ်တို့က ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအခြေအနေ နှင့် ပတ်သက်၍ အတူတကွ ဆွေးနွေးမှုကို ထုတ်ပြန်ကြေညာ

ကုလသမဂ္ဂ ၊ မေ ၁၇ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မေလ ၁၆ ရက်၌ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခနှင့်ပတ်သက်၍ အရေးပေါ်အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပြီးနောက်တွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်း က ကုလသမဂ္ဂ ဆိုင်ရာ နော်ဝေ နှင့် တူနီးရှား နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်တို့နှင့်အတူ သတင်းမီဒီယာများအား တွေ့ဆုံးခဲ့ပြီး လက်ရှိဖြစ်ပွားနေသော ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အခြေအနေနှင့်ပတ်သက်၍ အတူတကွ ဆွေးနွေးမှုကို ထုတ်ပြန်ကြေညာခဲ့သည်။တရုတ် ၊ နော်ဝေ နှင့် တူနီးရှား နိုင်ငံတို့မှကိုယ်စားလှယ်တို့က ဂါဇာဒေသအခြေအနေ နှင့် အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရရှိမှုနှင့်ပတ်သက်၍ လွန်စွာစိုးရိမ်ပူပန်မိကြကြောင်း ၊ ရန်ပြုသည့်ဆောင်ရွက်မှုများကို ချက်ခြင်းရပ်တန့်ကြပြီး နိုင်ငံတကာလူသားချင်စာနာထောက်ထားမှု ဥပဒေအပါအဝင် နိုင်ငံတကာဥပဒေတို့ကို အပြည့်အဝလိုက်နာကြရန် တိုက်တွန်းကြောင်း ၊ အရပ်သားပြည်သူလူထု နှင့် အထူးသဖြင့် ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်ကြောင်း ၊ အကြမ်းဖက်မှုများ ၊ ရန်စမှုများ ၊ သွေးထိုးလှုံ့ဆော်မှုများ ၊ ဖျက်ဆီးမှုများ နှင့် နှင်ထုတ်မှုအစီအစဉ်များကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုကြောင်း ၊ ဂျေရုဆလင်အရှေ့ပိုင်းဒေသ တင်းမာမှုအခြေအနေ နှင့် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဆောင်ရွက်ချက်များအပေါ် ဂရုပြုမိပြီး အထူးသဖြင့် Al-Aqsa ဘာသာရေးအဆောက်အဦ နှင့် ဘာသာရေးအထွဋ်အမြတ်နေရာများအနီးတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်လှုပ်ရှားမှုများလည်းပါဝင်ကြောင်း ၊ သက်ဆိုင်ရာများအနေဖြင့် အတိုင်းအတာအကြီးမားဆုံး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန် နှင့် ဘာသာရေး အထွဋ်အမြတ်နေရာ၏ သမိုင်းကြောင်းအခြေအနေအပေါ် လေးစားမှုထားရှိရမည်ဖြစ်ကြောင်း ၊ သက်ဆိုင်သူအားလုံး တင်းမာမှုအခြေအနေကို အမြန်ဆုံး အတူတကွ လျော့ကျအောင်ဆောင်ရွက်ပြီး အကြမ်းဖက်မှုများကို ရပ်တန့်ကြရန် တိုက်တွန်းကြောင်း ၊ သုံးနိုင်ငံကိုယ်စားလှယ်အနေဖြင့် ကုလသမဂ္ဂ သက်ဆိုင်ရာဆုံးဖြတ်ချက် နှင့် နိုင်ငံတကာဥပဒေတို့ကို အခြေခံ၍ ဆွေးနွေးမှုမှတစ်ဆင့် ရရှိခဲ့သည့် နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်း (Two-state solution )အား ထောက်ခံအားပေးပြီး ယင်းအပေါ် နိုင်ငံခြားရေးဆောင်ရွက်မှုများကို ပိုမိုလျှင်မြန်အောင်တိုးချဲဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်း က တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ မှ လုံခြုံရေးကောင်စီအစည်းအဝေး အား ဦးစီးကျင်းပပြုလုပ်ခဲ့ရာတွင် တရုတ်နိုင်ငံ၏ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ နှင့်ပတ်သက်၍ သဘောထားရပ်တည်မှုကို ဘက်စုံရှင်းလင်းပြောကြားခဲ့ကြောင်း ၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လက်ရှိအရေးပေါ်ဆောင်ရွက်ရမည်မှာ တိုက်ခိုက်မှုများရပ်စဲသွားအောင် တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ တစ်ချိန်တည်းမှာပင် ပါလက်စတိုင်းအရေး ရေရှည်မှန်ကန်စွာ ဖြေရှင်းနိုင်ရန်ကိုလည်း တွန်အားပေးဆောင်ရွက်ရန် အရေးပါကြောင်း ၊ လုံခြုံရေးကောင်စီအနေဖြင့် ယင်းကိစ္စရပ်နှင့်ပတ်သက်၍ ကြီးလေးသော တာဝန်ကို ခံယူထားပြီး မဖြစ်မနေဆောင်ရွက်မှုများပြုလုပ်ကာ တင်းမားမှုအခြေအနေအား ဖြေလျော့နိုင်အောင် တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ရန်ပြုသည့်ဆောင်ရွက်မှုများကို ရပ်တန့်ပြီး အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိအောင်ဆောင်ရွက်ကာ လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာဆုံးဖြတ်ချက်များ နှင့် နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်းကို အကောင်အထည်ဖော်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ကျန်းကျွင်း က ပါလက်စတိုင်းအရေးအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းမှုမရရှိနိုင်ပါက ပါလက်စတိုင်း-အစ္စရေး နှစ်ဘက် နှင့် အရှေ့အလယ်ပိုင်းဒေသတွင် စစ်မှန်သည်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန်မှာ မလွယ်ကူကြောင်း ၊ လုံခြုံရေးကောင်စီ မေလ၏ အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် တရုတ်နိုင်ငံ အနေဖြင့် လုံခြုံရေးကောင်စီက ဆောင်ရွက်သွားရန် ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ပြီး အတူတကွသဘောထားဖြင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမှ လက်ရှိဖြစ်ပွားနေသော အန္တရာယ်ကို အဆုံးသတ်စေမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံးအား နိုင်ငံတကာအသိုင်းအဝိုင်း၏ အတူတကွ ကြိုးပမ်းမှုအပေါ် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

ပါလက်စတိုင်း-အစ္စရေး အခြေအနေက လတ်တလောရက်ပိုင်းတွင် အဆက်မပြတ်မြင့်တက်လာခဲ့ပြီးနောက်တွင် တရုတ် ၊ နော်ဝေ နှင့် တူနီးရှား ၃ နိုင်ငံတို့က လုံခြုံရေးကောင်စီတွင် အနီးကပ်ညှိနှိုင်းဆောင်ရွက်မှုပြုလုပ်ခဲ့ပြီး လုံခြုံရေးကောင်စီတွင် အရေးပေါ် ဆွေးနွေးမှု နှစ်ကြိမ်ပြုလုပ်နိုင်အောင်တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း ၊ ၃ နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ အနေဖြင့်လည်း မေလ ၁၆ ရက်၌ ကျင်းပပြုလုပ်သည့် လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးအား အတူတကွတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။ (Xinhua)

 

———————————————–
(Chinese Version)
(国际)中国、挪威、突尼斯常驻联合国代表就当前巴以冲突局势发表共同谈话
2021-05-17 03:43:31 分类: 政治法律
新华社联合国5月16日电联合国安理会16日就巴以冲突问题举行紧急公开会之后,中国常驻联合国代表张军同挪威、突尼斯常驻联合国代表会见记者,就当前巴以冲突局势发表共同谈话。
三国代表对加沙局势和平民伤亡数量上升表示严重关切,呼吁立即停止敌对行动,充分遵守包括国际人道法在内的国际法,保护平民、特别是保护儿童。三国代表要求立即停止一切暴力、挑衅、煽动和破坏行为以及驱离计划。三国代表关切东耶路撒冷的紧张局势和发生的暴力活动,尤其是发生在包括阿克萨清真寺等圣地内和附近的暴力活动,敦促保持最大程度克制,尊重圣地的历史现状。三国代表敦促当事双方尽快一道缓解紧张局势并停止暴力。三国代表重申支持根据联合国有关决议和国际法,通过谈判达成“两国方案”,并敦促为此强化和加快外交努力。
张军表示,王毅国务委员兼外长在主持安理会会议时全面阐述了中方对当前巴以冲突局势的主张。国际社会的当务之急是推动停火止暴,同时,推进巴勒斯坦问题持久公正解决也同样重要。安理会对此承担着重要责任,必须行动起来,推动当事方尽快缓解紧张局势,停止敌对行动,推动中东和平进程重回正确轨道,落实安理会相关决议和“两国方案”。
张军表示,没有巴勒斯坦问题的政治解决,巴以双方和中东地区就难以实现真正和平。作为安理会5月轮值主席,中方将继续推动安理会采取行动,一致发声,通过政治对话结束当前危机。中方呼吁所有安理会成员加入到国际社会的共同努力中来。
巴以局势近期升温以来,中国、挪威、突尼斯三国在安理会密切协作,先后两次推动安理会举行紧急磋商。三国外长共同出席了5月16日安理会紧急公开会。(完)

Photo
1. 5月16日,在位于纽约的联合国总部,中国常驻联合国代表张军(左)同挪威常驻联合国代表莫娜•尤尔(中)、突尼斯常驻联合国代表拉德布共同会见记者。新华社记者 谢锷 摄
2. 5月16日,在位于纽约的联合国总部,中国常驻联合国代表张军会见记者. 新华社记者 谢锷 摄