မော်စကို၊ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ရုရှားနိုင်ငံ၏ မဟာဗျူဟာမြောက်ဒုံးကျည်တပ်ဖွဲ့သည် ၂၀၂၁ ခုနှစ်အတွင်း လေ့ကျင့်မှုပေါင်း ၂၀၀ ကျော် ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် နှစ်သစ်ကူးနေ့တွင် ကမ္ဘာတစ်ဝန်း၌ ခန့်မှန်းခြေ ကလေးငယ် ၃၇၁,၅၀၄ ဦး မွေးဖွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ဇန်နဝါရီ ၁ ရက်နေ့က ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး အမေရိကန်နိုင်ငံ “Time” မဂ္ဂဇင်း က COVID-19 ကပ်ရောဂါသည် အမေရိကန်နိုင်ငံ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းသားအနည်းဆုံး ၂၇၅,၀၀၀ ဦး ရောဂါ ကူးစက်ခံခဲ့ရကြောင်း ၊ ယင်းရောဂါဖြင့် အကျဉ်းသားပေါင်း ၁,၇၀၀ ကျော်...
အန်ကာရာ၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ၏ SinoVac COVID-19 ကာကွယ်ဆေး အလုံးရေ သုံးသန်းပါရှိသော ပထမအသုတ်သည် တူရကီနိုင်ငံ မြို့တော်အန်ကာရာသို့ ဒီဇင်ဘာ ၃၀ ရက် အစောပိုင်းက ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အေဒင်၊ ယီမင်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ယီမင်နိုင်ငံ တောင်ပိုင်း Aden လေဆိပ်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုသုံးခုကြောင့် သေဆုံးသူအရေအတွက်မှာ ဒီဇင်ဘာ ၃၀ ရက်တွင် ၂၂ ဦးအထိရှိလာပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
ဗီယင်ကျန်း၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်-လာအို ရထားလမ်းခင်းမှုကို ဒီဇင်ဘာ ၂၉ ရက်က လာအိုနိုင်ငံ မြောက်ပိုင်း ရှေးဟောင်းမြို့တော် လွမ်ပရာဘွမ်အထိ အဆင်ပြေချောမွေ့စွာ ဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ရာ ယခုနှစ် နှစ်ဆန်းပိုင်းက သတ်မှတ်ထားသော ရထားလမ်းဆောက်လုပ်ရေး ရည်မှန်းချက်အားလုံးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး မကြာမီတွင် ဗြိတိန်နှင့် ချုပ်ဆိုမည့် အနာဂတ်ဆက်ဆံရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် စာရွက်စာတမ်းလုပ်ထုံးလုပ်နည်းများအရ ခွင့်ပြုလိုက်ပြီဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ၎င်းသဘောတူညီချက်ကို ယာယီကျင့်သုံးခွင့်ပြုလိုက်ကြောင်း ဥရောပကောင်စီက ဒီဇင်ဘာ ၂၉ ရက်တွင် ကြေညာခဲ့သည်။
ဇာဂရက်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ခရိုအေးရှားနိုင်ငံ မြို့တော် ဇာဂရက်၏ အရှေ့တောင်ပိုင်း ကီလိုမီတာ ၅၀ ခန့်အကွာရှိ Petrinja မြို့တွင် ဒီဇင်ဘာ ၂၉ ရက် ဒေသစံတော်ချိန် ည ၁၂:၁၉ နာရီက အင်အား ၆.၄...
တီဟီရန်၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အီရန် အမျိုးသားလုံခြုံရေး မျဉ်းနီလိုင်းကို ကျော်လွန်လာခြင်းမပြုရန် သက်ဆိုင်ရာနိုင်ငံများကို အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Khatibzadeh က ဒီဇင်ဘာ ၂၈ ရက်တွင် သတိပေး ပြောကြားလိုက်ကြောင်း Tehran Times သတင်းဖော်ပြချက်များအရ သိရသည်။
ယောင်အွန်ဒေး၊ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ကင်မရွန်းနိုင်ငံ၌ ဒီဇင်ဘာ ၂၇ ရက် နံနက်အစောပိုင်းကဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုတစ်ခုအတွင်း လူပေါင်း ၃၇ ဦးသေဆုံးပြီး အခြား ၁၉ ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဆိုသည်။