Connect with us

Europe

ဗြိတိန်-ဥရောပ သဘောတူညီချက်ကို ယာယီကျင့်သုံးရန် ဥရောပကောင်စီ ခွင့်ပြု

ဗြိတိန်၏ Brexitရေးရာ ညှိနှိုင်းဆွေးနွေးမှု တာဝန်ခံ ကိုယ်စားလှယ် David Frost ၊ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen၊ ဥရောပသမဂ္ဂ၏ Brexitရေးရာ ညှိနှိုင်းဆွေးနွေးမှု တာဝန်ခံကိုယ်စားလှယ် Michel Barnier တို့အား ဒီဇင်ဘာ ၉ ရက်က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

မကြာမီတွင် ဗြိတိန်နှင့် ချုပ်ဆိုမည့် အနာဂတ်ဆက်ဆံရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် စာရွက်စာတမ်းလုပ်ထုံးလုပ်နည်းများအရ ခွင့်ပြုလိုက်ပြီဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ၎င်းသဘောတူညီချက်ကို ယာယီကျင့်သုံးခွင့်ပြုလိုက်ကြောင်း ဥရောပကောင်စီက ဒီဇင်ဘာ ၂၉ ရက်တွင် ကြေညာခဲ့သည်။

ဗြိတိန်-ဥရောပ နှစ်ဖက်အကြား အဆိုပါသဘောတူညီချက်ကို ဒီဇင်ဘာ ၃၀ ရက်တွင် ချုပ်ဆိုမည်ဖြစ်ရာ ဥရောပသမဂ္ဂကိုယ်စား ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel၊ ဥရောပကော်မရှင် ဥက္ကဋ္ဌUrsula von der Leyenတို့က ဘရပ်ဆဲလ်တွင် လက်မှတ်ရေးထိုးမည်ဖြစ်ပြီး ဗြိတိန်နိုင်ငံကိုယ်စား ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ဥရောပ ကောင်စီ၏ ယင်းနေ့တွင် ထုတ်ပြန်သည့် သတင်းကြေညာချက်များအရ သိရသည်။

လာမည့်နှစ်တွင်စတင်၍ သဘောတူညီချက်ကို ယာယီကျင့်သုံးသွားမည်ဖြစ်ကြောင်း ဥရောပပါလီမန်က သင့်လျော်သည့်အချိန်တွင် သဘောတူညီချက်အကြောင်းအရာ ရေးသားမှုများကို စိစစ်ဆွေးနွေးရန် လိုအပ်နေသေးကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ဥရောပပါလီမန် စိစစ်အတည်ပြု၍ လိုအပ်သည့် လုပ်ထုံးလုပ်နည်းများ အားလုံးဆောင်ရွက်ပြီးပါက နောက်ဆုံး သဘောတူညီချက်ကို ဥရောပသမဂ္ဂကောင်စီမှ ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်(၂၇) နိုင်ငံ၏ ကိုယ်စားလှယ်များ စာမျက်နှာ(၁,၂၀၀)ကျော်ပါ ဗြိတိန်-ဥရောပ သဘောတူညီချက် ကနဦး စိစစ်မှုများ ရက်ဆက်လုပ်ဆောင်ခဲ့သည်။ ဥရောပသမဂ္ဂ၏ Brexitရေးရာ ညှိနှိုင်းဆွေးနွေးမှု တာဝန်ခံကိုယ်စားလှယ် Michel Barnierက Ursula von der Leyenနှင့်အတူ ဥရောပပါလီမန်ရှိ လွှတ်တော်အမတ်အချို့နှင့် အောင်မြင်ထိရောက်သည့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဆိုသည်။

ဥရောပသမဂ္ဂနှင့် ဗြိတိန် ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်များက ဒီဇင်ဘာ ၂၄ ရက်တွင် ကုန်သွယ်ရေးကဏ္ဍအပါအဝင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို သဘောတူညီချက်ရရှိခဲ့ရာ ဗြိတိန်အတွက် မူလစီစဉ်ထားသည့် ၂၀၂၀ ပြည့်နှစ် မကုန်မီ Brexit အကူးအပြောင်းကာလအဟန့်အတားကို ရှင်းလင်းနိုင်ခဲ့သည်။ ယင်းသဘောတူညီချက်သည် နှစ်ဖက် လွှတ်တော်၏ အတည်ပြုချက်ရရှိမှသာ တရားဝင် အသက်ဝင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အကူးအပြောင်းကာလတွင် အချိန်သိပ်မရှိတော့ခြင်းကြောင့် ဥရောပသမဂ္ဂက ပြောင်းလဲလည်ပတ်နိုင်ရန် အဖွဲ့ဝင်နိုင်ငံများကို လာမည့်နှစ် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက် အကြား ယာယီ ကျင့်သုံးဆောင်ရွက်နိုင်ရန် ယင်းသဘောတူညီချက်ကို အရင် ခွင့်ပြုရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဥရောပပါလီမန်က လာမည့်နှစ်ဆန်းပိုင်းတွင် သဘောတူညီချက်ကို အစည်းအဝေးထိုင်စိစစ်ရန် အဆိုပြုခဲ့သည်။(Xinhua)

—————————————–
(Chinese Version)

(国际)欧盟理事会批准临时执行英欧协议

  新华社布鲁塞尔12月29日电(记者李骥志)欧盟理事会29日宣布,经由书面程序批准欧盟签署日前与英国就未来关系达成的协议,并允许从2021年1月1日起临时执行该协议。
根据欧盟理事会当天发布的新闻公告,英欧双方将于30日签署该协议,届时欧洲理事会主席米歇尔和欧盟委员会主席冯德莱恩将代表欧盟在布鲁塞尔签字,英国首相约翰逊将代表英国在伦敦签字。
公告说,明年开始临时执行该协议后,欧洲议会仍需适时对协议文本进行审议。欧洲议会审议通过并完成所有必要程序后,欧盟理事会将最终宣布缔结该协议。
 连日来,欧盟27国常驻欧盟代表对1200多页的英欧协议进行了初步审议。负责英国“脱欧”事务的欧盟首席谈判代表巴尼耶表示,他和冯德莱恩一起与欧洲议会部分议员进行了“富有成效”的对话。
欧盟与英国谈判代表24日就包括贸易在内的一系列合作细节达成一致,为英国按照原计划在2020年结束“脱欧”过渡期扫清障碍。该协议尚需双方议会批准才能正式生效。
由于过渡期所剩时间无几,欧盟采取变通程序,要求各成员国先行批准于明年1月1日至2月28日间临时执行该协议,同时提请欧洲议会明年初开会审议该协议。(完)

图说: 12月9日,在比利时布鲁塞尔,(从左至右)英国“脱欧”谈判首席代表弗罗斯特、英国首相约翰逊、欧盟委员会主席冯德莱恩以及欧盟负责与英国谈判的首席代表巴尼耶在会晤后合影。