Connect with us

Eastern Europe

ရုရှားမဟာဗျူဟာမြောက်ဒုံးကျည်တပ်ဖွဲ့က ၂၀၂၁ ခုနှစ်အတွင်း လေ့ကျင့်မှုပေါင်း ၂၀၀ ကျော်ပြုလုပ်မည်ဟု ဆို

ရုရှားနိုင်ငံအတွင်းရှိ အမျိုးအမည်မသိ နေရာတစ်ခုမှ ရုရှားနိုင်ငံ၏ Sarmat တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်သစ် စမ်းသပ်ပစ်လွှတ်နေသည့်ရုပ်သံဖိုင်တစ်ခုကို ၂၀၁၈ ခုနှစ် မတ် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ/AP)

မော်စကို၊ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ရုရှားနိုင်ငံ၏ မဟာဗျူဟာမြောက်ဒုံးကျည်တပ်ဖွဲ့သည် ၂၀၂၁ ခုနှစ်အတွင်း လေ့ကျင့်မှုပေါင်း ၂၀၀ ကျော် ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းလေ့ကျင့်မှုအတွင်း ရုရှားနိုင်ငံ၏ နောက်ဆုံးပေါ် ဒုံးကျည်စနစ်များ နှင့် ခေတ်မီဆန်းပြားသော လက်နက်ကိရိယာ မော်ဒယ်သစ် ၁၀ မျိုးကျော်ကိုလည်း ထည့်သွင်းအသုံးပြုသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တစ်စောင်တွင် ဖော်ပြထားသည်။

ဒုံးကျည်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များအနေဖြင့် မြေပြင်စစ်ဆင်ရေးဆိုင်ရာ အထူးပြင်းထန်သော စွမ်းဆောင်ရည်ထုတ်ဖော်ပြသမှုများ အပါအဝင် စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများစွာကိုထည့်သွင်းလေ့ကျင့်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။  (Xinhua)

——————————————-
(English Version)
Russian strategic missile forces to hold over 200 exercises in 2021
MOSCOW, Jan. 3 (Xinhua) — Russia’s strategic missile forces will conduct more than 200 exercises in 2021, the Russian Defense Ministry said Sunday.
Russia’s latest missile systems and about 10 models of modern special equipment will be used during the drills, the ministry said in a press release.
The service personnel for the missile forces will perform a number of tasks, including intensive maneuvers on combat patrol routes, it added.
In this video grab on March 1, 2018, Russia’s new Sarmat intercontinental ballistic missile blasts off during a test launch from an undisclosed location in Russia. (AP Photo)