မော်စကို၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ဘဏ်တစ်ခု၌ ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ပြန်ပေးဆွဲမှုတရားခံ လက်နက်ချအညံ့ခံခဲ့၍ ဘဏ်အတွင်းမှ ဓါးစာခံလေးဦးစလုံး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ပြည်တွင်းမီဒီယာ များ က သြဂုတ် ၂၄ တွင်ဖော်ပြခဲ့သည်။
အမတ်ထရစ္စ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) အီတလီနိုင်ငံ အလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ အရေအတွက်မှာ ၂၄၇ ဦးအထိ ရှိလာကြောင်းနှင့် ကယ်ဆယ်ရေးသမားများလည်း ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။
မဲလ်ဘုန်း ၊ သြဂုတ်လ ၂၅ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံရှိ ရွှေရှာသူတစ်ဦးသည် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၉ဝ,ဝဝဝ တန်ဖိုးရှိ ၊ အလေးချိန် ၁၄၅ အောင်စ ရှိသော ရွှေတုံးတစ်တုံးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ) ရန်ကုန် စတော့ အိတ်ချိန်း(YSX)တွင် တတိယမြောက် စာရင်းဝင် ကုမ္ပဏီ ဖြစ်သည့် မြန်မာနိုင်ငံသားများဘဏ် (MCB)၏ အစုရှယ်ယာများအား ကြမ်းခင်းဈေး အနေဖြင့် ရှယ်ယာ တစ်စုလျှင် ၆၈၀၀ ကျပ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း YSX မှ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော ညောင်ဦးမြို့ရှိ ပုဂံစေတီပုထိုးများအား ယနေ့ ဝင်ရောက်ခွင့် ပိတ်လိုက်ပြီး လုံခြုံရေးအတွက် စစ်တပ်များ ချထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံ မှ သိရသည်။