Connect with us

Asia

မြောက်ကိုရီးယား နိုင်ငံ က ဒုတိယ အကြိမ်မြောက် တိုက်ချင်းပစ် ဒုံးကျည် ကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာ

မြောက်ကိုရီးယား နိုင်ငံ ၏ တိုက်ချင်းပစ် ဒုံးကျည် (Hwasong-14) ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံ က ဇူလိုင်လ ၂၈ ရက်နေ့ညပိုင်း အချိန်တွင် ဒုတိယ အကြိမ်မြောက် တိုက်ချင်းပစ် ဒုံးကျည် (Hwasong-14) ကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ် နိုင်ခဲ့ကြောင်း ဇူလိုင်လ ၂၉ ရက်နေ့၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ထုတ်ပြန်ချက်အရ မြောက်ကိုရီးယား နိုင်ငံ သမ္မတ ကင်ဂျုံအမ်း က ဇူလိုင်လ ၂၇ ရက်နေ့၌ ဒုတိယ အကြိမ်မြောက် တိုက်ချင်းပစ် ဒုံးကျည် ပစ်လွှတ် စမ်းသပ်ရန် ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၈ ရက်နေ့၌ ပစ်လွှတ် ခဲ့ကြောင်း ၊ ယခု အကြိမ် စမ်းသပ် ပစ်လွှတ်မှု ကို မြောက်ကိုရီးယား နိုင်ငံ အနောက်မြောက်ပိုင်း ဒေသတွင် ပြုလုပ်ခဲ့ပြီး ဒုံးကျည် ပစ်လွှတ် စမ်းသပ်မှု တွင် အမြင့် ၃၇၂၄.၉ ကီလိုမီတာ ရှိခဲ့ကြောင်း ၊ အကွာအဝေး အားဖြင့် ၉၉၈ ကီလိုမီတာ ရှိခဲ့ပြီး ဝေဟင်၌ အချိန် ၄၇ မိနစ် နှင့် ၁၂ စက္ကန့် ရှိခဲ့ကြောင်း ၊ ဒုံးကျည်သည် ပင်လယ်ပြင် ရှိ ပစ်မှတ်ကို တိကျ စွာ ထိမှန် ခဲ့ကြောင်း ရေးသား ဖော်ပြခဲ့သည်။

ထို့ပြင် ထုတ်ပြန်ချက် တွင် ကင်ဂျုံအမ်း က ယခု အကြိမ် စမ်းသပ်မှု မှ တဆင့် တိုက်ချင်းပစ် ဒုံးကျည် ၏ အားထားနိုင်မှု ကို ပိုမို ခိုင်မာ လာစေပြီး မြောက်ကိုရီးယား နိုင်ငံ မှ မည်သည့် အချိန် နှင့် တည်နေရာ တွင်မဆို တိုက်ချင်းပစ် ဒုံးကျည် ကို ပစ်လွှတ်နိုင်သည် ဟု သက်သေ ပြနိုင်ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ တစ်နိုင်ငံလုံးမှာ မြောက်ကိုရီးယား နိုင်ငံ ဒုံးကျည် ၏ ပစ်လွှတ်မှု ဧရိယာ အတွင်း တည်ရှိနေသည် ကို ပြတ်သားစွာ သက်သေ ပြနိုင်ခဲ့ကြောင်း ၊ ယခု အကြိမ် စမ်းသပ် ပစ်လွှတ်မှု သည် အိမ်နီးချင်း နိုင်ငံ များ၏ လုံခြုံရေး အပေါ် ထိခိုက်မှု မရှိကြောင်း ပါဝင် ခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံ သည် ဇူလိုင်လ ၄ ရက်နေ့၌ ပထမ အကြိမ်မြောက် တိုက်ချင်းပစ် ဒုံးကျည် (Hwasong-14) ကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ် နိုင်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.