Connect with us

Education & Health

ရာသီ တုပ်ကွေး ရောဂါဖြင့် ဆေးရုံတက်ရောက် နေရသူ ၃၅ ဦး ရှိကြောင်း ထုတ်ပြန်

ရာသီ တုပ်ကွေး ရောဂါပိုးကြောင့် နှာခေါင်းစည်း အုပ်၍ သွားလာနေသည့် ရန်ကုန်မြို့နေ ပြည်သူလူထုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ)

ရာသီ တုပ်ကွေး ရောဂါ (Seasonal Influenza A(H1N1) pdm 2009) ဖြစ်ပွားမှုကြောင့် ဆေးရုံတက်ရောက်သည့် လူနာ ၃၅ ဦး ရှိခဲ့ပြီး ယနေ့ အထိ ၆ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြိးဌာနမှ ထုတ်ပြန်ခဲ့သည်။

ရာသီ တုပ်ကွေး ရောဂါ ဖြစ်ပွားမှု အချက် အလက်များ အရ ဇူလိုင် ၁၉ ရက်မှ ၂၈ ရက် အထိ ဆေးရုံ တက်ရောက်သည့် လတ်တလော ပြင်းထန် အသက်ရှုလမ်းကြောင်း ပိုးဝင် ရောဂါ လူနာ ၆၈ ဦး အနက် ရာသီ တုပ်ကွေး ရောဂါဖြင့် လူနာ ၃၅ ဦး ရှိခဲ့ကြောင်း သိရသည်။ထို့အတူ ဇူလိုင် ၂၇ ရက် နေ့လည် ၂ နာရီမှ ၂၈ ရက် နေ့လည် ၂ နာရီ အထိ သံသယ လူနာ ၁၂ ဦးအား စမ်းသပ် စစ်ဆေးရာ အတည်ပြု လူနာ ၅ ဦး တွေ့ရှိခဲ့ပြီး ထပ်မံသေဆုံးသူ မရှိကြောင်း သိရသည်။

ထို့အတူ ချင်းပြည်နယ်၊ မတူပီမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသော Seasonal Influenza A(H1N1) pdm09 Positive လူနာ (၁၀) ဦးမှာ ရောဂါသက်သာကောင်းမွန်သဖြင့် ဇူလိုင် ၂၅ ရက်တွင် လူနာအားလုံး ဆေးရုံမှ ဆင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။ထို့အတူ ရောဂါပျံ့နှံ့မှု မရှိစေရေးအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဝေဘာဂီအထူးကု ဆေးရုံကြီးအပါအဝင် ဆေးရုံများတွင် လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများ အရန်သင့်ထားရှိခြင်း၊ အထူးကြပ်မတ်ဆောင်များအား အရန်သင့်ထားရှိပြီး ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများအား ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား လေ့ကျင့်သင်ကြားပေးခြင်းတို့အား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် ဆေးရုံကြီးများ၊ ကျန်းမာရေးဆေးပေးခန်းများ၊ နယ်စပ်ဝင်ထွက်ဂိတ်များနှင့် ပြည်သူလူထု အတွင်း တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ ဖြစ်ပွားမှုနှင့် လတ်တလောပြင်းထန် အသက်ရှုလမ်းကြောင်းပိုးဝင်ရောဂါ လူနာဖြစ်ပွားမှု စသည်တို့ကို စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား ယခင်ထက်ပိုမိုတိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ထို့အတူ ရန်ကုန်မြို့ပေါ်ရှိ ဆေးရုံကြီးများနှင့် တိုင်းဒေသကြီး နှင့်ပြည်နယ် အသီးသီးရှိ ကျန်းမာရေးဌာနများသို့ N 95 စုစုပေါင်း ( ၁၅၀,၀၀၀ ) ခန့် ကိုလည်းကောင်း၊ကာကွယ်ရေးဝတ်စုံ (၄၅၀)ကိုလည်းကောင်း၊ အသက်ရှုစက်များနှင့် အခြားလိုအပ်သည့်ဆေးပစ္စည်းကိရိယာများ ကို လည်းကောင်း ထပ်မံ၍ ထောက်ပံ့ဖြည့်ဆည်းပေးပြီးဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ရုံးချုပ်) ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (အရှေ့တောင်အာရှရုံး)နှင့် အိန္ဒိယနိုင်ငံသံရုံးတို့မှ ထောက်ပံ့မည့် ရောဂါကာကွယ်ရေးဝတ်စုံနှင့် ပစ္စည်းများ၊ N95 Mask များ၊ ဓါတ်ခွဲခန်းသုံးပစ္စည်းများ၊ Oseltamivir (Tamiflu) ဆေးနှင့် တုပ်ကွေးရောဂါကာကွယ်ထိုးဆေး များကို လိုအပ်သလို သုံးစွဲသွားနိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။လတ်တလောဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) pdm09 ဖြစ်ပွားမှုနှင့်ပတ်သက်၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် သော ရောဂါကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်များကို အရေးတယူ လိုက်နာ ဆောင်ရွက်သွားပါက ရောဂါ ကူးစက် ဖြစ်ပွားမှုများ လျော့နည်း ကျဆင်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.