Connect with us

North America

အိမ်ဖြူတော် အကြီးအကဲသစ် ဂျွန်ကယ်လီဖြစ်လာမည်ဟု ထရမ့် ပြောကြား

အမိမြေလုံခြုံရေး ဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုနေသည့် အထက်လွှတ်တော်အမတ် ဂျွန်ကယ်လီအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အိမ်ဖြူတော် အကြီးအကဲအသစ်အဖြစ် အမိမြေလုံခြုံရေးဝန်ကြီး ဂျွန်ကယ်လီအား အမည်စာရင်း တင်သွင်းလိုက်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင်လ ၂၈ ရက်တွင် တွစ်တာပေါ်၌ ရေးသားခဲ့သည်။

“အိမ်ဖြူတော် အကြီးအကဲအသစ်အဖြစ် ဂျွန် အက်ဖ် ကယ်လီကို အမည်စာရင်း တင်သွင်းရတဲ့အတွက် ကျေနပ်မိပါတယ်” ဟု ထရမ့်က ဆိုသည်။

“သူက အမေရိကန် နိုင်ငံသားကောင်း တစ်ယောက်ဖြစ်သလို ခေါင်းဆောင်ကောင်း တစ်ယောက်လဲ ဖြစ်ပါတယ်၊ ဂျွန်ဟာ အမိမြေ လုံခြုံရေးမှာလဲ အံ့ဖွယ် တာဝန်တွေ ထမ်းဆောင်ခဲ့သူပါ၊ ကျွန်တော်တို့ရဲ့ အစိုးရအဖွဲ့မှာ မှန်ကန်တဲ့ ကြယ်တစ်ပွင့် ဖြစ်ပါတယ်” ဟု ထရမ့်က ပြောသည်။

ထို့ပြင် ထရမ့်က ရာထူးမှ နုတ်ထွက်သွားခဲ့သည့် Reince Priebus ကိုလည်း တိုင်းပြည်အတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် အတွက် ကျေးဇူးတင်ကြောင်း၊ အတူတကွ လက်တွဲပြီး လုပ်ငန်းများစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ၎င်းအတွက် ဂုဏ်ယူကြောင်း တွစ်တာ၌ ရေးသားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.