ဝါရှင်တန် ၊ မတ် ၁၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ နှင့် အပြုသဘောဆောင်သော ရလဒ်ထွက်ပေါ်ရေးဦးစားပေးဆက်ဆံမှု ရရှိရန် ကြိုးပမ်းနေကြောင်း မတ်လ ၁၃ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ) ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ၆ဘီလီယံ ခန့်မှန်းထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ သည် မျှော်မှန်းချက်ဖြစ်သည့် ၆ဘီလီယံထက် ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (M.I.C) မှ အတွင်းရေးမှုး ဦးအောင်နိုင်ဦးက မီဒီယာများ နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ) နယ်စပ်ဖြတ်ကျော် အဖွဲ့လိုက်ခရီးသွားခြင်း(၊Package Tour) ခရီးစဉ်များနှင့် ကန့်သတ်ဒေသ ခရီးစဉ်များအတွက် ခွင့်ပြုမိန့်တောင်းခံရာတွင် လိုအပ်သည့်အချက်များအား ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။