Connect with us

North America

တရုတ်နိုင်ငံ နှင့် အပြုသဘောဆောင်သော ရလဒ်ထွက်ပေါ်ရေးဦးစားပေးဆက်ဆံမှု ရရှိရန် ကြိုးပမ်းနေကြောင်း အမေရိကန်အဆင့်မြင့်အရာရှိပြော

၂ဝ၁၆ ခုနှစ် ဧပြီ ၁ ရက်က ဝါရှင်တန်မြို့ ၌ ပြုလုပ်သော နျူကလီးယား လုံခြုံရေး ထိပ်သီးအစည်းအဝေးပွဲ ကျင်းပရာ ခန်းမ ပြင်ဘက်တွင်း တရုတ်-အမေရိကန် နှစ်နိုင်ငံအလံကို ဝှေ့ ယမ်းနေကြသူများအားတွေ့ ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ မတ် ၁၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ နှင့် အပြုသဘောဆောင်သော ရလဒ်ထွက်ပေါ်ရေးဦးစားပေးဆက်ဆံမှု ရရှိရန် ကြိုးပမ်းနေကြောင်း မတ်လ ၁၃ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

“ ကျွန်မတို့က ကိစ္စရပ်တွေပေါ်မှာ တိုးတက်ကောင်းမွန်အောင်လုပ်ဖို့နဲ့ ပြဿနာရှိနေတဲ့နယ်ပယ်တွေမှာ တရုတ်နိုင်ငံနဲ့အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်နိုင်ဖို့ပဲဖြစ်ချင်ပါတယ်” ဟု အမေရိကန်နိုင်ငံ (ယာယီ) လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Susan Thornton က ပြောကြားခဲ့သည်။

မကြာခင်အချိန်တွင် တရုတ်နိုင်ငံသို့သွားရောက်လည်ပတ်ရန် ရှိနေသည့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး တီလာဆန် ( Rex Tillerson) ၏ ခရီးစဉ်အတွင်း “တရုတ်နိုင်ငံနဲ့အပြုသဘောဆောင်တဲ့ ရလဒ်ထွက်ပေါ်ရေးဦးစားပေးဆက်ဆံမှု ရရှိဖို့ ကြိုးပမ်းသွားမှာပါ” ဟု Thornton က ဖြည့်စွက်ပြောကြားခဲ့သည်။

“ သူ( တီလာဆန်) က စိန်ခေါ်မှု အရပ်ရပ် အားလုံးကို တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ဆွေးနွေးညှိနှိုင်းမှု လုပ်သွားမှာပါ၊ ပြီးတော့ ကိစ္စရပ်တွေအပေါ်တိုးတက်ကောင်းမွန်အောင်လုပ်ဖို့၊ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လုပ်သွားဖို့ နဲ့ကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ကိုင်သွားမှာပါ ” ဟု Thornton က ဆိုသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစောပိုင်းက ထုတ်ပြန်သော ကြေညာချက်အရ နိုင်ငံခြားရေးဝန်ကြီးတီလာဆန်သည် တရုတ်နိုင်ငံ ပေကျင်းမြို့သို့မတ်လ ၁၈ ရက်တွင် ရောက်ရှိမည်ဖြစ်ပြီး ၊ ယင်းနောက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့နှင့် တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့သို့သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

“ တရုတ် နဲ့အမေရိကန် ကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ဖို့ဘယ်နယ်ပယ်တွေမှာ လုပ်ကိုင်နိုင်မလဲ ဆိုတာကို လေ့လာနေပါတယ်” ဟု အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် ရာထူးလက်ခံပြီးနောက် မတ်လ ၇ ရက်က ပြုလုပ်သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပထမဆုံးသတင်းစာရှင်းလင်းပွဲတွင် ယာယီ ပြောခွင့်ရပုဂ္ဂိုလ် ကဆိုထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.