Connect with us

Local

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၆ဘီလီယံကျော်ရှိ

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (M.I.C) မှ အတွင်းရေးမှုး ဦးအောင်နိုင်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ၆ဘီလီယံ ခန့်မှန်းထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ သည် မျှော်မှန်းချက်ဖြစ်သည့် ၆ဘီလီယံထက် ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (M.I.C) မှ အတွင်းရေးမှုး ဦးအောင်နိုင်ဦးက မီဒီယာများ နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ၂၀၁၇ ခုနှစ် မတ်လ ပထမပတ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၃၅ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ ၅၀၅၁.၂၆သန်း ရှိကြောင်း ၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၆၆၁၃.၈၃၇ သန်းရှိကြောင်း၊ အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၆၂.၅၈၈သန်း ခွင့်ပြုခဲ့သည့်အတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၆၈၇၄.၄၂၅ သန်းရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုပေးခဲ့မှုမှာ ၂၀၁၇ ခုနှစ် မတ်လ ပထမပတ်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၉ခု၊ အမေရိကန်ဒေါ်လာ ၇၆၄.၅၆၀ သန်း အပါအဝင် ကျပ်၁,၄၅၅,၃၃၉.၆၈၂ သန်းဖြစ်ကြောင်း၊ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၁,၅၇၂,၈၈၂.၁၀၃ သန်း ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.