Connect with us

Politics, Law & Military

နယ်စပ်ဖြတ်ကျော်ခရီးစဉ်များ နှင့် ကန့်သတ်ဒေသခရီးစဉ်များအတွက် လိုအပ်သည့်အချက် ဟိုတယ်ခရီးထုတ်ပြန်

ဟိုတယ်ခရီး၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--ဟိုတယ်ခရီး)

ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

နယ်စပ်ဖြတ်ကျော် အဖွဲ့လိုက်ခရီးသွားခြင်း(၊Package Tour) ခရီးစဉ်များနှင့် ကန့်သတ်ဒေသ ခရီးစဉ်များအတွက် ခွင့်ပြုမိန့်တောင်းခံရာတွင် လိုအပ်သည့်အချက်များအား ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ကုမ္ပဏီရုံးတံဆိပ်ပါစာ (Letter Head ) ဖြင့်တင်ပြစာ (နိုင်ငံရေး၊ လူမှုရေး ၊ ဘာသာရေး နှင့် ပတ်သက်၍ ကင်းရှင်းပါကြောင်း နှင့် တာဝန်ယူကြောင်း ဝန်ခံကတိပြုချက်ပါဝင်သည့် စာ၁စောင်၊ ဧည့်သည်အမည်စာရင်း ၆စောင်၊ ခရီးစဉ်ဇယား ၆စောင်၊ ဧည့်လမ်းညွှန်ကိုယ်ရေးအကျဉ်း ၆စောင်၊ ဧည့်လမ်းညွှန်လိုင်စင်မိတ္တူ ၁စောင်၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်မိတ္တူ ၁စောင်တို့ ပါဝင်ရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.