ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ ငမိုးရိပ်(၄)လမ်းရှိ နေအိမ် နှစ်အိမ် ဖေဖော်ဝါရီ ၁၃ ရက်က မီးလောင်မှုကြောင့် ငွေကျပ် ၆၄သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ နိုင်ငံတော်၏ အကျိုးအမြတ် ၅၁ ရာခိုင်နှုန်းအတွက် ၂၀၁၆ ခုနှစ် မေလ ၅ ရက်နေ့မှ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းနှစ်ဆယ်ခန့်(၁၉၉၉၀၈၇၆ ဒသမ ၉၁)...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မိုးညှင်းမြို့အနီး တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းတုံး တန် ၂၀ကျော်ကို ဖေဖော်ဝါရီ ၁၀ရက်က ဖမ်းဆီးရမိကြောင်း မိုးညှင်းမြို့နယ်ရဲစခန်းထံမှ သိရသည်။
ချက်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ချက်နိုင်ငံ ဘာနိုမြို့ရှိ ဇလင်းဒေသတရားရုံး တွင် ဖေဖော်ဝါရီ ၁၃ရက်က HIV ရောဂါပိုးရှိမှန်း သိသော်လည်း အနည်းဆုံး အမျိုးသားနှစ်ဦးထံ ရောဂါပိုး ပြန့်ပွားစေမှုဖြင့် စွဲချက်တင်ခံထားရသည့် ချက်နိုင်ငံသားတစ်ဦး၏ အမှုအား ကြားနာနေပြီဖြစ်ကြောင်း သိရသည်။
ဟနွိုင်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း lai Chau ပြည်နယ်တွင် အစာအဆိပ်သင့်သည်ဟု ယူဆရသော လူ ၆ ဦး သေဆုံးကာ အခြားလူ ၁၀ ဦးကျော်အား ဆေးရုံတင်ထားရကြောင်း ဒေသခံ အာဏာပိုင်များက ဖေဖော်ဝါရီလ ၁၄ ရက်က ပြောကြားခဲ့သည်။