Connect with us

Asia

ဗီယက်နမ်မြောက်ပိုင်းတွင် အစာအဆိပ်သင့်မှုကြောင့် လူ ၆ ဦးသေဆုံး၊ ၁၀ ဦး ဆေးရုံတင်ရ

ဗီယက်နမ်နိုင်ငံရှိ ဆေးရုံ တစ်ရုံ မြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း lai Chau ပြည်နယ်တွင် အစာအဆိပ်သင့်သည်ဟု ယူဆရသော လူ ၆ ဦး သေဆုံးကာ အခြားလူ ၁၀ ဦးကျော်အား ဆေးရုံတင်ထားရကြောင်း ဒေသခံ အာဏာပိုင်များက ဖေဖော်ဝါရီလ ၁၄ ရက်က ပြောကြားခဲ့သည်။

lai Chau ပြည်နယ် Phong Tho ခရိုင်ရှိ ma Ly Chai မြို့နယ်တွင် နာရေး တစ်ခုသို့ သွားရောက်ကာ အစားအစာများ စားသုံးပြီးနောက် လူ ၆ ဦးသေဆုံးပြီး ၁၀ ဦးကို ဆေးရုံတင်ထားရကြောင်း lai Chau ပြည်နယ် ပြည်သူ့ ကော်မတီမှ ကနဦး သတင်းအချက်အလက်များအရ သိရသည်။

lai Chau ပြည်နယ် ဆေးရုံ အရေးပေါ်ဋ္ဌာန၏ လက်ထောက် အကြီးအကဲ Ha Trung Dung က ဖေဖော်ဝါရီလ ၁၃ ရက်က လူနာ ၃ ဦးမှာ အရေးပေါ်ဋ္ဌာနသို့ ရောက်ရှိလာခဲ့ကြောင်း၊ အဆိုပါ ၃ ဦးအနက် နှစ်ဦးမှာ အခြေအနေ ကောင်းမွန်နေပြီ ဖြစ်သော်လည်း တစ်ဦးမှာမူ စိုးရိမ်ဖွယ် အခြေအနေရှိနေသေးကြောင်း ပြောကြားခဲ့သည်။

ယင်းသို့ ဖြစ်ပွားရခြင်း အကြောင်းရင်းအား စုံစမ်းနေဆဲ ဖြစ်ကြောင်းနှင့် ယခု အစာအဆိပ်သင့်မှု ဖြစ်ပွားသူများမှာ Ha Nhi မျိုးနွယ်စုဝင်များ ဖြစ်ကြောင်း VNA သတင်းဋ္ဌာနက ဖော်ပြထားသည်။ (Xihhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.