Connect with us

Politics, Law & Military

ကချင်ပြည်နယ်၌ တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းတုံး တန် ၂၀ကျော် ဖမ်းမိ

ကချင်ပြည်နယ်တွင်း ဖမ်းဆီးရမိသော ကျောက်စိမ်းတုံးများအား တွေ့ရစဉ်(ဓာတ်ပုံ- မြ၀တီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့အနီး တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းတုံး တန် ၂၀ကျော်ကို ဖေဖော်ဝါရီ ၁၀ရက်က ဖမ်းဆီးရမိကြောင်း မိုးညှင်းမြို့နယ်ရဲစခန်းထံမှ သိရသည်။

ဖားကန့်ဒေသမှ နန့်ယား-မိုးကောင်း-မိုးညှင်းလမ်းကြောင်း အတိုင်း မန္တလေးဘက်သို့ ယာဉ်မောင်းရှစ်ဦး၊ ယာဉ်နောက်လိုက် ၁၇ ဦးတို့မောင်းနှင်စီးနင်းလိုက်ပါလာသော ခြောက်ဘီးယာဉ် ငါးစီး၊ ၁၀ ဘီးယာဉ် နှစ်စီးနှင့် ၁၂ ဘီး ယာဉ်တစ်စီးတို့ကို ရပ်တန့်စစ်ဆေးရာ ယာဉ်များပေါ်မှ တရားမဝင် တင်ဆောင်လာသည့် ကျောက်စိမ်းအရိုင်း တုံးခန့်မှန်း အလေးချိန်တန် ၂၀ ခန့်ကို ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၃ နာရီခန့်တွင်လည်း နန့်ယား-ကာမိုင်း-မိုးကောင်း-မိုးညှင်းလမ်းအတိုင်း မန္တလေးဘက်သို့ထွက်ခွာလာသည့် ယူဒီ ၁၂ ဘီးယာဉ် ခုနစ်စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ကျောက်စိမ်း တူးဖော်ရေးဌာနခွဲ(မိုးညှင်း)မှ တာဝန်ရှိသူများပူးပေါင်း၍ ရပ်တန့်စစ်ဆေးရှာဖွေရာ အဆိုပါယာဉ်ခုနစ်စီးအနက် တစ်စီးပေါ်တွင် တရားမဝင်တင်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံးခန့်မှန်းအလေးချိန် ၁ တန်ခွဲခန့်ကို ထပ်မံတွေ့ရှိဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.