ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) မောင်တောမြို့နယ်၊ ရေခပ်ချောင်းရွာမှ ဂွဆုံရွာသို့ သွားရာလမ်း၊ ဂွဆုံရွာအဝင် ကိုက် ၅၀၀ ခန့်အကွာရှိ ရေချိုပုဇွန်ကန်အနီး လူသတ်မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူမှာ ဂွဆုံကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း အီဒရစ် ၄၀ နှစ် ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) မောင်တောမြို့ ၆ မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဘူးသီးတောင်မှ မောင်တောသို့ မောင်နှင်လာသည့် မသင်္ကာဖွယ် ဆိုင်ကယ် ၂ စီးအား စစ်ဆေးရာ ဆိုင်ကယ်များပေါ်တွင် တင်ဆောင်လာသည့် ကျောပိုးအိတ် ၂ လုံးအတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၉၅,၀၀၀...
ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) မူဆယ်မြို့နယ် လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်း၊ မော်တောင်းကျေးရွာနှင့် တာလုံကျေးရွာကြား နမ့်ဖာတန် ရွာလမ်းခွဲ မိုင်တိုင် (၂၆၉/၅) ၌ စနက်တံ ၂ ချောင်း ဝါယာကြိုး ၄ ချောင်း၊ ဘတ်တ္ထရီပက် ၁ ခုတို့ဖြင့် တွဲလျက် ကော်ဖြင့်ပြုလုပ်ထားသည့်...
အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Chitral ခရိုင်တွင် ဖေဖော်ဝါရီလ ၅ ရက် နံနက်ပိုင်းက ဆီးနှင်း ပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာဆမ်ဒက်ဟွန်ဆင်တို့တွေ့ဆုံစဉ် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ခရီးသွား လုပ်ငန်းကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဖော်ဆောင်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။