Connect with us

Asia

ပါကစ္စတန် အနောက်မြောက်ဘက်တွင် ဆီးနှင်းပြိုကျမှုကြောင့် လူ ၁၄ ဦး သေဆုံး

ပါကစ္စတန်တွင် ဆီးနှင်းပြိုကျမှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Chitral ခရိုင်တွင် ဖေဖော်ဝါရီလ ၅ ရက် နံနက်ပိုင်းက ဆီးနှင်း ပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် Chitral ခရိုင် ကင်းထောက် တပ်မှူး ဗိုလ်မှူးကြီး Nizamuddin Shah က ဆီးနှင်း ပြိုကျမှုကြောင့် အိမ် ၂၅ လုံး နှင်းများ ဖုံးလွှမ်းသွားကာ ၅ လုံးမှ လုံးဝ ပျက်စီးသွားခဲ့ကြောင်း ပြောပြခဲ့သည်။

လူ မည်မျှ ထိခိုက်ခဲ့ကြောင်းနှင့် အပျက်အစီးများအကြား မည်မျှပိတ်မိနေသည်ကို ရှင်းလင်းစွာ မသိရသေးကြောင်း၊ သေဆုံးသူများမှာ အမျိုးသမီး ၆ ဦး၊ ကလေး ၆ ဦးနှင့် အမျိုးသား ၂ ဦးတို့ ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

Chitral ခရိုင် ရဲမင်းကြီး Maghfirat Shah က အဆိုပါ မတော်တဆမှုသည် နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ် Shershal နယ်မြေတွင် ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့် နှစ်ရက်ကတည်းက ယင်း နေရာတစ်ဝိုက် ဆီးနှင်းများ ထူထပ်စွာ ကျဆင်းမှုကြောင့် ယခုလို ဆီးနှင်း ပြိုကျမှု ဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.