ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁၈ နေရာ အတွက် ပါဝင် ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းအား ယနေ့နိုဝင်ဘာ ၂၆ ရက်တွင် NLD မှ ထုတ်ပြန် ကြေညာခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းလွှတ်တော် (အစိုးရအဖွဲ့ရုံး)၊ အောက်ထပ် လဝကရုံး အနီးတွင် ယနေ့ညပိုင်းက ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ သက်ဆိုင်ရာမှ တရားခံရှာဖွေနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို အတည်ပြုပြောကြားသည်။ ယင်းပေါက်ကွဲမှုများသည် Ocean၊ Capital နှင့် တောင်ဒဂုံလဝကရုံးတို့တွင် ပေါက်ကွဲခဲ့မှုနှင့်...
နေပြည်တော် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) တရုတ်-မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂) အဆင့်မြင့် အရာရှိ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၅ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး လျုံကျန့်မင်...
ဝါရှင်တန် ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ်အစွန်းရောက်အကြမ်းဖက်သမားများအား သွားရောက်တိုက်ခိုက်နေသည့် အမေရိကန်အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးသည် စစ်မြေပြင်၌ ပထမဆုံးကျဆုံးသွားကြောင်း ပင်တဂွန် စစ်ဌာနချုပ်က နိုဝင်ဘာ ၂၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ဆန်တီယေဂို ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) ဆင်ဟွာသတင်းအေဂျင်စီအနေဖြင့် တောင်အမေရိကတိုက် နှင့် ကာရေဗီယံဒေသရှိ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ သတင်းပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း နှင့် နှစ်ဖက်အပြန်အလှန်ဖလှယ်ခြင်းများကို နက်ရှိုင်းစွာ ပြုလုပ်သွားရန် အသင့်ရှိကြောင်း ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ချိုက်မင်ကျောက်(Cai Mingzhao) က ပြောကြားလိုက်သည်။