Connect with us

Politics

တရုတ်-မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေး နှင့် ကာကွယ်ရေး ဝန်ကြီးဌာန တို့မှ (၂+၂) အဆင့်မြင့် အရာရှိ တွေ့ဆုံဆွေးနွေးပွဲ ပူးတွဲ သတင်းကြေညာချက်ထုတ်ပြန်

တရုတ်-မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂) အဆင့်မြင့် အရာရှိ ဆွေးနွေးပွဲ ကျင်းပနေစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂) အဆင့်မြင့် အရာရှိ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၅ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး လျုံကျန့်မင် (Lui Zhenmin) နှင့် တရုတ်ဗဟိုစစ်ကော်မရှင် ၊ ဒုတိယညှိနှိုင်းကွပ်ကဲရေးမှူးးGeneral Xu Fenlin ၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးး ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူးး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့ မှ ဦးဆောင်၍ ဆွေးနွေးပွဲ အားကျင်းပ ပြုလုပ် ခဲ့သည်။

နှစ်နိုင်ငံ အနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ သည် တောတောင်ရေမြေခြင်း ထိစပ်နေသော အိမ်နီးချင်း မိတ်ဆွေ နိုင်ငံ များဖြစ်ကြပြီး နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ပူးပေါင်းဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုသည်လည်း လွန်စွာ ကောင်းမွန်နေကြောင်း ၊ နှစ်နိုင်ငံ မှ ချစ်ကြည်ရေးကို အခြေခံ၍ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် တရုတ် နိုင်ငံ မှ မြန်မာ နိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး အတူတကွ တရားမဝင် နယ်စပ် ဖြတ်ကျော်မှုများကို တိုက်ဖျက်ခဲ့ကြောင်း ၊ ပုံမှန် ကုန်သွယ်ရေး ကဏ္ဍ တိုးမြှင့်ရေး ၊ နယ်စပ်ဒေသ လုံခြုံရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး စသည့် ကိစ္စရပ်များတွင် ဆွေးနွေးမှု များဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နှစ်နိုင်ငံ အနေဖြင့် နယ်စပ်ဒေသ လုံခြုံရေး ၊ တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ကို အလွန်အလေးထားကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် သက်ဆိုင်ရာ အဘက်ဘက်မှ အတူတကွ ကြိုးပမ်းကာ မြန်မာ နိုင်ငံ မြောက်ပိုင်းတွင် ဖြစ်ပွားနေသာ တင်းမာမှု အခြေအနေကို ရပ်တန့်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ၏ မူလ တည်ရှိသည့် တည်ငြိမ်အေးချမ်းရေး ပြန်လည် ရရှိနိုင်ရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့သည်။

(၂+၂) အဆင့်မြင့် အရာရှိ ဆွေးနွေးပွဲ မစတင်မီ တရုတ် နိုင်ငံ နှင့် မြန်မာ နိုင်ငံ မှ နိုင်ငံခြားရေး ဝန်ကြီးဌာန နှင့် ကာကွယ်ရေး ဝန်ကြီးဌာန တို့မှလည်း သီးခြားတွေ့ဆုံမှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။အထက်ပါ အစည်းအဝေး များပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ နှစ်နိုင်ငံ နယ်စပ်ဒေသ စီမံအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ တိုးမြှင့်ရေး နှင့် ပိုမိုအကျိုးဖြစ်ထွန်းစေရန် ဖြစ်ကြောင်း သိရှိရသည်း။နှစ်နိုင်ငံ အနေဖြင့် (၂+၂) အဆင့်မြင့် အရာရှိ ဆွေးနွေးပွဲကို နှစ်စဉ် အလှည့်ကျ ကျင်းပသွားရန် သဘောတူညီ ခဲ့ပြီး နောက်တစ်ကြိမ် အစည်းအဝေးကို ၂၀၁၇ ခုနှစ်တွင် တရုတ် နိုင်ငံ ၌ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)