Connect with us

Africa & Middle East

တောင်အမေရိကတွင် သတင်းပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ လုပ်ဆောင်သွားရန် အသင့်ရှိကြောင်း ဆင်ဟွာဥက္ကဋ္ဌပြော

ဆင်ဟွာသတင်းအေဂျင်စီဥက္ကဋ္ဌ ချိုက်မင်ကျောက်(Cai Mingzhao) အားတွေ့ ရစဉ်(ဆင်ဟွာ)

ဆန်တီယေဂို ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)

ဆင်ဟွာသတင်းအေဂျင်စီအနေဖြင့် တောင်အမေရိကတိုက် နှင့် ကာရေဗီယံဒေသရှိ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ သတင်းပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း နှင့် နှစ်ဖက်အပြန်အလှန်ဖလှယ်ခြင်းများကို နက်ရှိုင်းစွာ ပြုလုပ်သွားရန် အသင့်ရှိကြောင်း ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ချိုက်မင်ကျောက်(Cai Mingzhao) က ပြောကြားလိုက်သည်။

ချီလီနိုင်ငံ ဆန်တီယေဂိုမြို့၌ ကျင်းပသော တရုတ်-တောင်အမေရိက မီဒီယာညီလာခံ၌ မိန့်ခွန်းပြောကြားစဉ် ချိုက်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ဆင်ဟွာသတင်းဌာနသည် တောင်အမေရိကတိုက်တွင် ပထမဆုံး ဝင်ရောက်လုပ်ကိုင်ခဲ့သော သတင်းဌာနတစ်ခုဖြစ်ပြီး ကျူးဘားနိုင်ငံရှိ ဟာဗားနားဗျူရိုကို ၁၉၆၁ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ကြောင်း ၊ ယင်းကာလမှ စတင်ကာ တောင်အမရိကတိုက်နှင့် ကာရေဗီယံဒေသအတွင်းရှိ နိုင်ငံပေါင်း ၁၉ နိုင်ငံတွင် စုစုပေါင်း ဗျူရို ၂၁ခုကို ဖွင့်လှစ်ခဲ့ကြောင်း ချိုက် ကပြောကြားခဲ့သည်။ဆင်ဟွာသတင်းဌာနသည် တရုတ်နိုင်ငံ၏ သတင်းများအတွက် အရေးကြီးသော ရုပ်သံသတင်းချန်နယ်တစ်ခုဖြစ်ကြောင်း ၊ တောင်အမေရိကသတင်းအချက်အလက်များ နှင့် တောင်အမေရိကသတင်းများကို ကမ္ဘာတစ်ဝန်းလုံးက သိနိုင်အောင် တင်ဆက်ပေးနေကြောင်း ချိုက် ကဆိုသည်။

တောင်အမေရိကတိုက် နှင့် ကာရေဗီယံဒေသတွင် Notimex ၊ ဘရာဇီးနိုင်ငံရှိ EBC ၊ အာဂျင်တီးနားနိုင်ငံရှိ Telam အပါအဝင် ဆင်ဟွာသတင်းကို ရေးသားထုတ်ဝေနေသော သတင်းမီဒီယာပေါင်း ၂ဝဝ ကျော် ရှိကြောင်း ၊ ပီရူးနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန နှင့် ချီလီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများ အပါအဝင် သတင်းဌာနမဟုတ်သည့် အဖွဲ့အစည်းပေါင်း ၂ဝဝ ကျော်ကလည်း ဆင်ဟွာသတင်းကို ရေးသားဖြန့်ဝေနေကြကြောင်း ချိုက်က ပြောကြားခဲ့သည်။“ ဆင်ဟွာသတင်းဌာနဟာ တောင်အမေရိကတိုက် မှာ နှစ်ပေါင်း ၅ဝ ကျော် တင်ဆက်ခဲ့ပြီးပါပြီ။ တရုတ်-လက်တင်အမေရိက နဲ့ကာရေဗီယံ လူမှုအသိုင်းအဝိုင်းရဲ့ ဘုံဦးတည်ချက်အတွက် ပုံဖော်ဆောင်ပေးတဲ့နေရာမှာဆင်ဟွာဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ဖို့အသင့်ပါပဲ” ဟု ချိုက်က ပြောကြားခဲ့သည်။ (Xinhua)