Connect with us

Africa & Middle East

အမေရိကန်အထူးတပ်ဖွဲ့ဝင်တစ်ဦး ဆီးရီးယား၌ ပထမဆုံး ကျဆုံးကြောင်း ပင်တဂွန် အတည်ပြု

ဆီးရီးယားစစ်မြေပြင်တွင် တာဝန်ထမ်းဆောင်နေသော အမေရိကန်အထူးတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ်အစွန်းရောက်အကြမ်းဖက်သမားများအား သွားရောက်တိုက်ခိုက်နေသည့် အမေရိကန်အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးသည် စစ်မြေပြင်၌ ပထမဆုံးကျဆုံးသွားကြောင်း ပင်တဂွန် စစ်ဌာနချုပ်က နိုဝင်ဘာ ၂၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ အမေရိကန်အထူးတပ်ဖွဲ့ဝင်သည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်း Ayn Issa မြို အနီး၌ ကြီးမားသောပေါက်ကွဲမှုဖြစ်စဉ်အတွင်း ကျဆုံးသွားခြင်းဖြစ်ကြောင်း ၊ ကျဆုံးသွားသူမှာ မည်သူမည်ဝါဖြစ်သည်ကို ထုတ်ဖော်ပြောဆိုခြင်းမပြုရသေးကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဆိုသည်။“ အိုင်အက်စ် မိစ္ဆာရန်ကို ကာကွယ်ရင်း ဆီးရီးယားစစ်မြေပြင်မှာ ကျွန်တော်ရဲ့ ရဲရင့်တဲ့ တပ်ဖွဲ့ဝင်တစ်ဦးဟာ ကျေးဇူးတော်နေ့မှာ ကျဆုံးသွားတယ်ဆိုတဲ့ သတင်းဆိုးကို ကြားရလို့ သိပ်ကိုဝမ်းနည်းမိပါတယ်” ဟု အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး အက်ရှ်ကာတာ (Ash Carter) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆီးရီးယားနိုင်ငံတွင် အိုင်အက်စ်အကြမ်းဖက်သမားများနှင့် အခြားအကြမ်းဖက်အုပ်စုဝင်များကို တိုက်ခိုက်ရန် အမေရိကန်အထူးတပ်ဖွဲ့ဝင် အနည်းဆုံး ၃ဝဝ ဦးကို လွန်ခဲ့သောတစ်နှစ်ကျော် သမ္မတအိုဘားမားအစိုးရသက်တမ်းအတွင်း ပို့ဆောင်ထားခဲ့ကြောင်း The Hill နေ့စဉ်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။အီရတ်တပ်ဖွဲ့ဝင်များသည် မကြာသေးမီရက်သတ္တပတ်များက အီရတ်နိုင်ငံမြောက်ပိုင်း မိုဆူလ်းမြို့ရှိ အိုင်အက်စ်အကြမ်းဖက်သမားများကို ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသလို အမေရိကန်ဦးဆောင်သော ညွှန့်ပေါင်းတပ်ဖွဲ့ဝင်များကလည်း အိုင်အက်စ်တို့ခိုင်ခိုင်မာမာ တပ်စွဲထားသည့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ Raqqa မြို့ကို တိုက်ခိုက်ရန်ပြင်ဆင်နေကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117