ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၌ ယနေ့ နိုဝင်ဘာ ၂၃ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ် တွင် F-7 လေယာဉ်တစ်စီးကို စက်နှိုးစမ်းသပ်ရာ အင်ဂျင်မှတစ်ဆင့် စတင်မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ပေကျင်း၊ နိုဝင်ဘာ ၂၃ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နိုဝင်ဘာ ၂၂ရက်တွင် Tianlian I-04 ဂြိဟ်တုအား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှိ ရှီချန်း ဂြိဟ်တုလွှတ်တင်ရေး စင်တာမှ တစ်ဆင့်အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း KIA (ကချင်)အဖွဲ့၊ TNLA (တအောင်းပလောင်) အဖွဲ့ နှင့် MNDAA ပူးပေါင်းအဖွဲ့များ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၂၂ရက်နေ့ထိ သေဆုံးသူ ၁၀ဦးနှင့် ဒဏ်ရာရရှိသူ ၃၃ ဦးထိ တိုးမြင့်လာကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ရေးကော်မတီက...
ဒါကာ၊ နိုဝင်ဘာ ၂၃ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့၏ ဆင်ခြေဖုံးဒေသတစ်ခုဖြစ်သည့် Ashulia ရှိ ဓါတ်မီးခြစ်စက်ရုံတစ်ခု တွင် နိုဝင်ဘာ ၂၂ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့၍ အမျိုးသမီးအများစု အပါအဝင် အလုပ်သမားပေါင်းများစွာ မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။