Connect with us

Science & Technology

တရုတ်နိုင်ငံ က လေးခုမြောက် အချက်အလက် ပို့ဆောင်ရေး ဂြိုဟ်တုလွှတ်တင်

တရုတ်နိုင်ငံ က လွှတ်တင်လိုက်သည့် လေးခုမြောက်ပို့ဆောင်ရေး ဂြိုဟ်တု Tianlian I-04အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၃ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နိုဝင်ဘာ ၂၂ရက်တွင် Tianlian I-04 ဂြိဟ်တုအား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှိ ရှီချန်း ဂြိဟ်တုလွှတ်တင်ရေး စင်တာမှ တစ်ဆင့်အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂြိုဟ်တုအား ပေကျင်းစံတော်ချိန် ၁၁း၂၄မိနစ်၌ Long March-3C ဂြိုဟ်တုသယ်ဆောင်ရေး ဒုံးပျံဖြင့် ပစ်လွှတ်ခဲ့ကြောင်း စင်တာသတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အာကာသသိပ္ပံ နှင့် နည်းပညာ ကော်ပိုရေးရှင်း လက်အောက်ရှိ တရုတ်နိုင်ငံ အာကာသနည်းပညာအကယ်ဒမီ က ယင်းဂြိုဟ်တုအား တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ကမ္ဘာအနှံ့ကွန်ရက်ဖြန့်ကျက်မှုအား ဆောင်ရွက်နိုင်ရန် ယခင်တင်လွှတ်ပြီးသား အချက်အလက် ပို့ဆောင်ရေး ဂြိုဟ်တု သုံးခုနှင့်ချိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ရက်သည် တရုတ်နိုင်ငံ၏ လူလိုက်ပါသည့် အာကာသယာဉ်များ၊ အာကာသဓါတ်ခွဲခန်းများ နှင့် အာကာသစခန်းများအတွက် အချက်အလက်များပို့ဆောင်ခြင်း၊ တိုင်းတာခြင်း နှင့် ထိန်းချုပ်ခြင်း ဝန်ဆောင်မှုများအား ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ပထမဆုံးအချက်အလက် ပို့ဆောင်ရေး ဂြိုဟ်တု Tianlian I-01 အား ၂၀၀၈ခုနှစ် ဧပြီတွင်လည်းကောင်း၊ ဒုတိယမြောက်ဂြိုဟ်တုအား ၂၀၁၁ခုနှစ် ဇူလိုင်တွင်လည်းကောင်း၊ တတိယမြောက်အား ၂၀၁၂ခုနှစ် ဇူလိုင်တွင် လည်းကောင်း အသီးသီးလွှတ်တင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.