Connect with us

Asia

ဘင်္ဂလားဒေ့ရ်ှတွင် စက်ရုံမီးလောင်မှုကြောင့် အလုပ်သမားများစွာ ဒဏ်ရာရရှိ

ဘင်္ဂလားဒေ့ရှ် စက်ရုံမီးလောင်မှုကြောင့် ဒဏ်ရာရရှိသူ တစ်ဦးအား သယ်ဆောင်လာစဉ် (ဆင်ဟွာ)

ဒါကာ၊ နိုဝင်ဘာ ၂၃ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့၏ ဆင်ခြေဖုံးဒေသတစ်ခုဖြစ်သည့် Ashulia ရှိ ဓါတ်မီးခြစ်စက်ရုံတစ်ခု တွင် နိုဝင်ဘာ ၂၂ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့၍ အမျိုးသမီးအများစု အပါအဝင် အလုပ်သမားပေါင်းများစွာ မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ယင်း အမည်မဖော်လိုသူ တာဝန်ရှိသူက ဒေသစံတော်ချိန် ညနေ ၅း၀၀နာရီ ဝန်းကျင်တွင် Color Max (BD)ကုမ္ပဏီလီမိတက် သို့ မီးသတ်ယာဉ် ၇စီးဖြင့် လာရောက်မီးငြိမ်းသတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက အနည်းဆုံး အလုပ်သမား ၂၆ဦး အား ဒါကာဆေးပညာကောလိပ်ဆေးရုံ ရှိ မီးလောင်မှုကုသရေးဋ္ဌာန အပါအဝင် အခြား ဆေးရုံများသို့ ခွဲ၍ ပို့ဆောင်ပေးခဲ့ကြောင်း နှင့် ဒဏ်ရာရရှိသူများအနက် အမျိုးသမီး ငါးဦးသည် ဒဏ်ရာပြင်းထန်ပြီး အခြေအနေ စိုးရိမ်ရကြောင်း ပြောကြားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းအရင်းကို ချက်ချင်းမသိရှိရသေးကြောင်း သိရသည်။

စက်ရုံ၏ ပြောရေးဆိုခွင့်ရှိသူကလည်း တစ်စုံတစ်ရာ မှတ်ချက်ပေးပြောကြားခြင်းမရှိကြောင်း သိရသည်။

အစိုးရက ယင်းမီးလောင်မှုအား စုံစမ်းဖော်ထုတ်ရန် အဖွဲ့ဝင် သုံးဦးပါဝင်သည့် စုံစမ်းရေးအဖွဲ့အား ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.