Connect with us

Politics, Law & Military

မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၌ F-7 လေယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၌ F-7 လေယာဉ်မီးလောင်မှုအား မီးငြိမ်းသတ်နေစဉ် (ဓာတ်ပုံ -တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၌ ယနေ့ နိုဝင်ဘာ ၂၃ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ် တွင် F-7 လေယာဉ်တစ်စီးကို စက်နှိုးစမ်းသပ်ရာ အင်ဂျင်မှတစ်ဆင့် စတင်မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ F-7လေယာဉ်ကို ပြင်ဆင်ရန်အတွက် မြေပြင်၌ ရပ်နားထားရှိပြီး စက်နှိုးစမ်းသပ်စဉ် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်ကျွမ်းခဲ့သော လေယာဉ်အား မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ မီးသတ်ယာဉ်များ၊ ရန်ကုန်လေဆိပ်မှ မီးသတ်ယာဉ်များ၏ ဝိုင်းဝန်းငြှိမ်းသတ် မှုကြောင့် နံနက် ၉ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။ယင်း လေယာဉ် မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.