မြုးနစ်၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံကောင်စီဝင် ယန်ကျဲ့ချီ (Yang Jiechi)သည် ဖေဖော်ဝါရီ ၇ ရက်နေ့၌ ဂျာမဏီနိုင်ငံတွင် ကျင်းပသော (၅၁)ကြိမ်မြောက် မြူးနစ် လုံခြုံရေး အစည်းအဝေးသို့ တက်ရောက်ခဲ့စဉ်အတွင်း အိန္ဒိယနိုင်ငံ လုံခြုံရေးအကြံပေး အဂျစ် ကူမာ ဒိုဗလ်(Ajit Kumar Doval) နှင့်တွေ့ဆုံခဲ့သည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) အိန္ဒိယ-မြန်မာနယ်စပ် အိန္ဒိယ အရှေ့မြောက် မဏိပူ (Manipu) ပြည်နယ်၊ Ukhrul ဒေသတွင် ဖေဖော်ဝါရီ ၅ ရက်နေ့ညက ပြင်းထန်သည့် ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံးကာ ဒဏ်ရာအပြင်း အထန်ရရှိသူများ ရှိကြောင်း ဒေသတွင်း မီဒီယာများတွင် ဖော်ပြထားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) တက္ကသိုလ်ကျောင်းများ၌ ယခု ပညာသင်နှစ်တွင် ကျောင်းသားများ ငြိမ်းချမ်းစွာ ပညာ သင်ကြားနိုင်ရေးအတွက် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဗဟိုကော်မတီကို ဖွဲ့စည်းလိုက် ကြောင်း ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာမာလာအောင် က ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) ချင်းလူမျိုးများ တန်ဖိုးထားသော အသည်းပုံသဏ္ဍာန်ရှိ ရိဒ်ရေကန်တည်ရှိရာ ချင်းပြည်နယ်(မြောက်ပိုင်း) ခရီးစဉ်ကို ယခုလအတွင်းမှ စတင်ပြီး အလည်အပတ် သွားနိုင်မည်ဖြစ်ကြောင်း Tanggo Travel and Tour အေဂျင်စီထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တော်ကို နှစ် (၃၀) နှစ်ရှည် စီမံကိန်းရေးဆွဲပြီး ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက် ရှိရာတွင် စီးပွားရေးမြို့တော် ဖြစ်သည့် ရန်ကုန် နှင့် မြစ်တစ်ခုသာခြားသည့် ဒလမြို့ကိုလည်း တိုးတက်စေရန် အတွက် ရန်ကုန်-ဒလ တံတား စီမံကိန်းကို ပြန်လည်စတင်ပြီး တည်ဆောက်သွားမည်ဟု...