Connect with us

Environment, Disasters & Accidents

တောင်ကြီးမီးပုံးပျံပွဲအတွက် ယမ်းထောင်းရာမှ ပေါက်ကွဲကာ မီးလောင်ကျွမ်းခဲ့ပြီး ကျပ် ၂၅သိန်းခန့် ဆုံးရှုံး

တောင်ကြီးမြို့ရှိ မီးပုံးပျံယမ်းထောင်းရာမှ ယမ်းပေါက်ကွဲကာ မီးလောင်ကျွမ်းနေစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပြည်တော်သာ ရပ်ကွက်တွင် တောင်ကြီးမီးပုံးပျံပွဲအတွက် ယမ်းထောင်းရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ မီးလောင်ကျွမ်းပြီး ကျပ် ၂၅သိန်းခန့် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း တောင်ကြီး မီးသတ်ဦးစီးထံမှ သိရသည်။

အဆိုပါ ပြည်တော်သာရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးတွင် စက်တင်ဘာ ၃၀ရက်နေ့ ည ၈နာရီ ၄၅မိနစ်တွင် ညမီးကြီးအမျိုးအစား မီးပုံးပျံယမ်းထောင်းရာမှ ယမ်းပေါက်ကွဲကာ ယင်း ရုံးတစ်ရုံးလုံး မီးလောင်ကျွမ်းခဲ့ပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ယင်း မီးလောင်မှုအတွက် ပုဒ်မ ၃၀၂နှင့် တောင်ကြီးရဲစခန်းတွင် မီးဆရာကို အမှုဖွင့် အရေးယူထားကြောင်းသိရသည်။(Xinhua)