Connect with us

Politics, Law & Military

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် တရုတ်အမျိုးသားနေ့ မတိုင်မီ နိုင်ငံခြားသံအမတ်အသစ် ၃၅ဦးနှင့် တွေ့ဆုံ

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၇နှစ်ပြည့်မြောက်သည့် အောက်တိုဘာ ၁ရက် မတိုင်မီ စက်တင်ဘာ ၃၀ ရက်က တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်အသစ် ၃၅ဦး နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

လီက ၎င်းတို့အား တရုတ်နိုင်ငံက ကြိုဆိုပါကြောင်း၊ ၎င်းတို့၏ နိုင်ငံ့ခေါင်းဆောင်များ နှင့် ပြည်သူများအတွက် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားခဲ့သည်။လွတ်လပ်၍ငြိမ်းချမ်းသော နိုင်ငံခြားရေးမူဝါဒ နှင့် ငြိမ်းချမ်းသော ဖွံ့ဖြိုးမှုလမ်းစဉ် အပေါ် တရုတ်နိုင်ငံ၏လိုက်နာကျင့်သုံးမှုများအား ထပ်မံအတည်ပြုခဲ့ပြီး ဝန်ကြီးချုပ်က တရုတ်နိုင်ငံသည် အားကောင်းသော၊ ရေရှည်ဖွံ့ဖြိုးသော၊ ဟန်ချက်ညီပြီးအားလုံးပါဝင်သော ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် စိန်ခေါ်မှုများအား ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံအားလုံးနှင့် အတူတကွ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။လီက တရုတ်နိုင်ငံသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်ပြုပြင်ပြောင်းလဲရေး နှင့် ဈေးကွက်ဖွင့်လှစ်ခြင်းများအား ဆက်လုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခြားနိုင်ငံများနှင့် ပူးပေါင်းကာ ဘုံဖွံ့ဖြိုးတိုးတက်မှုတို့အတွက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နှင့် တရုတ်နိုင်ငံ အလယ်အလတ် မှ အကြီးစားအထိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှု သည် ကမ္ဘာ့နိုင်ငံများအတွက် အခွင့်အလမ်းများပိုမို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်များက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၇နှစ်ပြည့်မြောက်မှုအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ၎င်းတို့၏ နိုင်ငံခေါင်းဆောင်များကလည်း တရုတ်နိုင်ငံခေါင်းဆောင်များ နှင့် ပြည်သူများအတွက် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားခဲ့သည်။ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများမြှင့်တင်ခြင်းတွင် တရုတ်နိုင်ငံ၏ ပါဝင်မှုအား ချီးကျူးပါကြောင်း၊ ၎င်းတို့၏ နိုင်ငံများနှင့် တရုတ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်ရန် ဆန္ဒရှိပါကြောင်း သံအမတ်များကပြောကြားခဲ့သည်။တွေ့ဆုံပွဲပြီးနောက် လီက သံအမတ်များအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၇နှစ်ပြည့်မြောက် အကြိုဧည့်ခံပွဲသို့တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ၁၉၄၉ခုနှစ် အောက်တိုဘာ ၁ရက်နေ့တွင်ထူထောင်ခဲ့ပြီး ယင်းနေ့ကို တရုတ်အမျိုးသားနေ့ ဟုသတ်မှတ်ကြေညာခဲ့ရာ ယခု ၂၀၁၆ခုနှစ်သည် ၆၇နှစ်မြောက်သည့် နှစ်ဖြစ်သည်။ (Xinhua)