ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဓာတုဗေဒပစ္စည်းများ အသုံးပြု၍ အနံ့ ပေးထားသော အန္တရာယ်ရှိ စားသုံးဆီများ ဈေးကွက်အတွင်း ဝင်ရောက်မှု ပပျောက်စေရေး အတွက် ရေတို အစီအမံများ ချမှတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီစက် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ကနေဒါ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ)တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်သည် စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကနေဒါနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်သွားရောက်ခဲ့သည်။ ၎င်း၏ခရီးစဉ်အတွင်းဝန်ကြီးချုပ်လီသည် ကနေဒါနိုင်ငံဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ခေါင်းဆောင် ၂ ဦးတို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီမှုစာချုပ်များ လက်မှတ်ရေးထိုးပွဲကိုလည်းတက်ရောက်ခဲ့သလို သတင်းစာရှင်းလင်းပွဲများကိုလည်းတက်ရောက်ခဲ့ကြသည်။ ဝန်ကြီးချုပ်လီသည် ကနေဒါနိုင်ငံ အထက်လွှတ်တော်...
ပေကျင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Xinjiang Uygur ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် Urumqi မြို့တွင် ကျင်းပခဲ့သည့် ငါးကြိမ်မြောက် တရုတ်-ဥရောပအာရှ ကုန်စည်ပြပွဲ အတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈ဘီလီယံ တန်ဖိုးရှိသည့် စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။
ဟနွိုင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းရှိ Thanh Hoa ပြည်နယ်ရှိ ထိန်းသိမ်းရေး စင်တာ တစ်ခုဖြစ်သော ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် လုပ်ငန်းနေရာ တစ်ခု၌ သက်တမ်း နှစ်ပေါင်း ၂၀၀၀ မှ ၂၅၀၀ ခန့်ရှိ ဒေါင်ဆန်း မျိုးနွယ်စု၏...
ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်၌ ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ထားပြီး ကျန်းမာရေးအခြေအနေသည် စိုးရိမ်ဖွယ်ရာမရှိကြောင်း မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက ပြောကြားသည်။