Connect with us

Education & Health

ဓာတုဗေဒပစ္စည်းများ အသုံးပြု၍ အနံ့ ပေးထားသော အန္တရာယ်ရှိ စားသုံးဆီများပပျောက်ရေးဆောင်ရွက်မည်

ဈေးကွက်အတွင်းရှိ စားသုံးဆီများအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ဓာတုဗေဒပစ္စည်းများ အသုံးပြု၍ အနံ့ ပေးထားသော အန္တရာယ်ရှိ စားသုံးဆီများ ဈေးကွက်အတွင်း ဝင်ရောက်မှု ပပျောက်စေရေး အတွက် ရေတို အစီအမံများ ချမှတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီစက် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဓာတုဗေဒပစ္စည်းများ အသုံးပြု၍ ပဲ သို့မဟုတ် နှမ်း စသည့်အနံ့ ပေးထားသော အန္တရာယ်ရှိ စားသုံးဆီများ ဈေးကွက်အတွင်း သို့ ဝင်ရောက်မှု မရှိစေရေး အတွက် ဆီစက် လုပ်ငန်းရှင် အသင်းသာမက အစိုးရဌာနများ နှင့်လည်း ပူးတွဲလုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ဓာတုဗေဒ ပစ္စည်းများ အသုံးပြု၍ အနံ့ ပေးထားသော အန္တရာယ်ရှိ စားသုံးဆီများ ရောင်းချ နေသည်ကို ပြည်သူများ တွေ့ရှိပါက သက်ဆိုင်ရာသို့ အသိပေးနိုင်ပြီး မြန်မာနိုင်ငံ ဆီစက် လုပ်ငန်းရှင်များ အသင်း အနေဖြင့်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာန များသို့ အသိပေးတင်ပြ သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိဈေးကွက် အတွင်း၌ ရောင်းချနေသော စားအုန်းဆီ၊ ပဲပုပ်ဆီ သာမက တခြားသော ပြန်ကြော်ဆီ၊ ပြောင်းဆီ၊ ဝါစေ့ဆီ၊ လဲမှို့ဆီ စသည့် စားသုံးဆီ များတွင် ကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်သော ဆီအများအပြား ရှိကြောင်း သိရသည်။

ယခုကဲ့သို့ ရောင်းချနေခြင်း ကြောင့် စားသုံးသူ ပြည်သူများအား ကျန်းမာရေး ထိခိုက်စေရုံ သာမက ဆီစက်လုပ်ငန်း များလည်း ထိခိုက်နစ်နာမှုများ ရှိကြောင်း သိရသည်။

ဓာတုဗေဒ ပစ္စည်းများ အသုံးပြု၍ အနံ့ပေး ထားသော အန္တရာယ်ရှိ စားသုံးဆီများကို ဈေးနှုန်း သက်သာစွာ ရောင်းချနေရာ လက်ရှိ ဈေးကွက်အတွင်း ရောင်းချနေသော ပဲဆီနှင့် နှမ်းဆီများမှာ ဈေးနှုန်းမြင့်တက် နေသောကြောင့် စားသုံးသူများ အနေဖြင့် သက်သာသော ဆီများကိုသာ ဝယ်ယူ အသုံးပြုကြ၍ ယှဉ်ပြိုင်နိုင်ခြင်း မရှိဘဲ ပဲဆီ၊ နှမ်းဆီ ဈေးကွက်ကို ထိခိုက်မှု ဖြစ်စေကြောင်း သိရသည်။

သို့ဖြစ်၍ စားသုံးဆီ အတုများ ဈေးကွက်ထဲသို့ ဝင်ရောက်မှု လျော့နည်းစေရန် ဆီထွက်သီးနှံများ ဖြစ်သည့် ပဲ၊ နှမ်း အထွက်တိုး စေရေးအတွက်လည်း ရေရှည် အစီအမံများ ချမှတ်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.