နယူးဒေလီ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယ ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသအတွင်း၌ ၅၂ ရက်ကြာ ညမထွက်ရ အမိန့်အား သြဂုတ်လ ၂၉ ရက်တွင် ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
မော်စကို ၊သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ရုရှားစစ်လေယာဉ်တစ်စင်းအား တူရကီက ပစ်ချခဲ့ခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေးတင်းမာခဲ့ပြီးနောက် ၈ လကြာပိတ်ပင်ထားခဲ့သည့် တူရကီနိုင်ငံသို့လေကြောင်းပျံသန်းမှုကို ရုရှားနိုင်ငံက ပြန်လည်ဖွင့်ပေးသည့် သဘောတူညီချက်ကို သြဂုတ်လ ၂၈ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ယနေ့နံနက် ၈နာရီတွင် ပခုက္ကူမြို့နယ်ရှိ ကမ္မမြို့ အမှတ် (၂) ရပ်ကွက်နေ ဦးမျိုးဝင်း(ဘ)ဦးထွန်းရွှေ နေထိုင်သော ခြံဝင်းအတွင်း ကျောက်ခွက်-လက်ပံတိုရေနံမြေမှ အရာတော် ရေနံမြေသို့ သွယ်တန်းပို့လွှတ်သော ရေနံပိုက်လိုင်းမှ ရေနံများပေါက်ထွက်ခဲ့ကြောင်း ထိခိုက်မှုတစုံတရာ မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
နယူးဒေလီ ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံသည် သြဂုတ်လ ၂၈ ရက်က (SCRAMJET) ဒုံးပျံသစ် တစ်စင်းကို နိုင်ငံတောင်ပိုင်းရှိ Sriharikota အာကာသဒုံးပျံ ပစ်လွှတ်စင် မှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) Huawei (ဟွာဝေး) ကုမ္ပဏီက ပုဂံရှိ သမိုင်းဝင် စေတီပုထိုးများ မြေငလျင်ကြောင့် ထိခိုက် ယိုယွင်းသွားမှုအား ပြုပြင်ထိန်းသိမ်းရန် အတွက် မြန်မာငွေကျပ်သိန်း ၅၀၀ နှင့် Huawei P9 စမတ်ဖုန်း အလုံး၁၀၀ အားပေးအပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။