ကန်းစု၊ အောက်တိုဘာ ၁၀ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကန်းစုပြည်နယ်၏ သဘာဝအလှအပများကို ကမ္ဘာလှည့်ခရီးသည်များနှင့် ဒေသတွင်းခရီးသွားသူများမှာ ပြောစမှတ်ပြုကြရသည်။ ကြီးမားကျယ်ပြန့်သည့်သစ်တောအုပ်ကြီးနှင့်အတူ ဗုဒ္ဓဘာသာကိုးကွယ်သူတို့်ထုလုပ်ဖန်ဆင်းထားသည့်ပန်းပုရုပ်ထုများနှင့် အနီရောင်သဲကျောက်များ၊ကျောက်ဆောင်ကျောက်တောင်များက မြင်တွေ့ရသူများအဖို့အံ့အားသင့်ဖွယ်ဆွဲဆောင်နိုင်မှုကြောင့် ကန်းစုပြည်နယ်၏အလှအပများမှာကျော်ကြားသည်။ (Xinhua)
ကွမ်တုံ၊ အောက်တိုဘာ ၁၀ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံပြည်နယ်တွင် တိုင်လုံးများပေါ်တွင်တက်ကာကပြရသည့် ခြသေ့ၤအကပြိုင်ပွဲကိုကျင်းပခဲ့သည်။ ပြိုင်ပွဲဝင်များမှာ သတ်မှတ်ထားသည့်တိုင်လုံးများပေါ်တွင်ကျွမ်းကျင်စွာကပြဖျော်ဖြေကြရသည်။ အချို့တိုင်လုံးများမှာရေထဲတွင်ပင်စိုက်ထူထားသည်များလည်းရှိပြီး ထိုတိုင်လုံးများမှအောက်သို့ပြုတ်မကျစေရန်အထူးသတိပြုကပြဖျော်ဖြေပြိုင်ပွဲဝင်ရခြင်းဖြစ်သည်။ (Xinhua)
ချန်းရှ ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်းချန်းရှမြို့တွင် တရုတ်ရိုးရာယဉ်ကျေးမှုနှင့်အနောက်တိုင်းနည်းပညာတို့ ပေါင်းစပ်တည်ဆောက်ထားသောမုန့်ကြိုးလိမ်တံတားကိုဖွင့်လှစ်ခဲ့သည်။ မြင်တွေ့နေကျပုံစံများနှင့်မတူပဲထူးခြားဆန်းပြားသည့်တံတားပုံစံကြောင့်စိတ်ဝင်စားသူများပြားခဲ့သည်။ (Xinhua)
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် မြန်မာနိုင်ငံ မြစ်ကြောင်းများ၌ ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးတွင် ကာလ ရှည်ကြာစွာ ပြေးဆွဲလျက် ရှိသည့် ရေယာဉ် အဟောင်းများကို...
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းအိမ်ရှင် မလေးရှားအသင်း နှင့် ဒီဇင်ဘာလအတွင်း၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး၊ နည်းပြအဖြစ် ၂ဝ၁၅ ဆီးဂိမ်းပြိုင်ပွဲတွင် ငွေဆုရယူပေးခဲ့သည့် ဦးကြည်လွင် ကိုင်တွယ်မည် ဖြစ်သည့်အပြင် ယူ-၂ဝ...