ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံမှ ထွက်ရှိသော ရွှေဘိုပေါ်ဆန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုဆန်အဖြစ် မှတ်ပုံတင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်စပါးအသင်း ဒုဥက္ကဋ္ဌဒေါက်တာစိုးထွန်းက ပြောကြားသည်။
ရန်ကုန်၊ ဇူလိုင်၁၀ရက် (ဆင်ဟွာ) ကျောင်းပြင်ပ ပညာရေး ဦးစီးဌာနကို မကြာမီ ဖွဲ့စည်းမည် ဖြစ်ပြီး၊ အဆိုပါ ကျောင်းပြင်ပ ပညာရေး ဦးစီးဌာနကို ဖွဲ့စည်းပြီးပါက ယင်း ဦးစီးဌာနတွင် အကြံပေး ပညာရှင် ၂၅ ဦး ခန့်ထားရှိရန် လျာထားကြောင်း ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရီယိုဒီဂျနေရို ၊ ဇူလိုင် ၁ဝ ရက်(ဆင်ဟွာ) ဘရာဇီးဂန္တဝင်ဘောလုံးသမား ပီလီသည် သုံးကြိမ်မြောက် လက်ထပ်ပွဲအဖြစ် ၎င်း၏ အမျိုးသမီး အဖော်ဖြစ်သူ Marcia Cibele Aoki နှင့် လာမည့် ဇူလိုင် ၁၂ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဖနွမ်းပင် ၊ ဇူလိုင် ၁ဝ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံရေးလေ့လာသုံးသပ်သူ Kem Ley သည် ဇူလိုင် ၁ဝ ရက်က ဖနွမ်းပင်မြို ့ရှိ ဂတ်စ်ဆိုင်တစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ကမ္ဘောဒီးယားအမျိုးသားရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲဒုတိယဗိုလ်ချုပ်ကြီး Kirt Changharith က အတည်ပြုပြောကြားသည်။
ရီယိုဒီဂျနေရို ၊ ဇူလိုင် ၁ဝ ရက်(ဆင်ဟွာ) ၂ဝ၁၆ ခုနှစ် ရီယိုအိုလံပစ်ပြိုင်ပွဲ၏ဆောင်ပုဒ်မှာ လက်တင်ဘာသာဖြင့် “ Citius,Alitus,Fortius” ဖြစ်ပြီး အဓိပ္ပါယ်မှာ “ လျှင်မြန်ခြင်း၊ မြင့်မားခြင်း ၊ သန်မာခြင်း” ဖြစ်ကြောင်း ၊ အဆိုပါဆောင်ပုဒ်သည် လူသားတို့၏စွမ်းဆောင်ရည်မှာ အကန့်အသတ်မဲ့ လုပ်ဆောင်နိုင်ကြောင်းကို ပုံဖော်ညွှန်းဆိုထားခြင်းဖြစ် ကြောင်းသိရသည်။