Connect with us

Latin America

ဘောလုံးဘုရင် ပီလီ သုံးကြိမ်မြောက် လက်ထပ်မည်

ကမ္ဘာကျော်ဘောလုံး ဘုရင် ပီလီ နှင့် Marcia တို့နှစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေရို ၊ ဇူလိုင် ၁ဝ ရက်(ဆင်ဟွာ)

ဘရာဇီးဂန္တဝင်ဘောလုံးသမား ပီလီသည် သုံးကြိမ်မြောက် လက်ထပ်ပွဲအဖြစ် ၎င်း၏ အမျိုးသမီး အဖော်ဖြစ်သူ Marcia Cibele Aoki နှင့် လာမည့် ဇူလိုင် ၁၂ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အသက် ၇၅ နှစ်အရွယ်အရှိ ပီလီသည် အသက် ၄၂ နှစ်အရွယ်ရှိ အပျိုကြီး Marcia နှင့် ၁၉၈ဝ ပြည့်လွန် နှစ်များက အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ တွေ့ဆုံခဲ့ကြသည်။ သို့သော် ၎င်းတို့နှစ်ဦးသည် ၂ဝ၁ဝ ပြည့်နှစ်အထိ ချစ်သူများအဖြစ် တွေ့ဆုံခဲ့ကြခြင်းမရှိကြောင်း ပီလီက S.Paulo သတင်းစာသို့ပြောကြားခဲ့သည်။
ပီလီသည် ယခင်က Rosemeri Cholbi နှင့်လက်ထပ်ပြီး Edinho ၊ Jennifer နှင့် Kelly ဟူသည့် ကလေး သုံးဦး ထွန်းကားခဲ့ကြောင်း ၊ ထို့နောက် Assiria Nascimento နှင့်လက်ထပ်ပြီး Joshua နှင့် Celeste ဟူသည့် အမွှာကလေးငယ် နှစ်ဦးကို ထွန်းကားခဲ့ကြောင်းသိရသည်။
ပီလီသည် ဘောလုံးသမိုင်းကြောင်း တစ်လျှောက်တွင် အအောင်မြင်ဆုံး အားကစားသမားတစ်ဦးဖြစ်ခဲ့သည်။ ၎င်းသည် နယူးယောက်Cosmos အသင်း နှင့် ဘရာဇီးလက်ရွေးစင် အသင်းများအတွက် ကစားပွဲပေါင်း ၁၃၆၃ ပွဲ ယှဉ်ပြိုင်ခဲ့ပြီး ၁၂၈၁ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သည်။ထို့ပြင် ၎င်းသည် ဘရာဇီးနိုင်ငံလက်ရွေးစင်အသင်းနှင့်အတူ ၁၉၅၈ ၊ ၁၉၆၂ နှင့် ၁၉၇ဝ ခုနှစ်များတွင် ကမ္ဘာ့ဖလားချန်ပီယံဆုများ ဆွတ်ခူးနိုင်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.