Connect with us

Latin America

Rio2016 အိုလံပစ်ပြိုင်ပွဲ အမှတ်တံဆိပ်သည် ကမ္ဘာသစ်တည်ဆောက်ရေးတွင် အကူအညီပေနိုင်မည်ဟု မျှော်လင့်ထား

ဘရာဇီးနိုင်ငံတွင်ကျင်းပမည့် Rio 2016 အိုလံပစ်ပြိုင်ပွဲ ပြင်ဆင်မှုများပြုလုပ်နေစဉ်(ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ ဇူလိုင် ၁ဝ ရက်(ဆင်ဟွာ)

၂ဝ၁၆ ခုနှစ် ရီယိုအိုလံပစ်ပြိုင်ပွဲ၏ဆောင်ပုဒ်မှာ လက်တင်ဘာသာဖြင့် “ Citius,Alitus,Fortius” ဖြစ်ပြီး အဓိပ္ပါယ်မှာ “ လျှင်မြန်ခြင်း၊ မြင့်မားခြင်း ၊ သန်မာခြင်း” ဖြစ်ကြောင်း ၊ အဆိုပါဆောင်ပုဒ်သည် လူသားတို့၏စွမ်းဆောင်ရည်မှာ အကန့်အသတ်မဲ့ လုပ်ဆောင်နိုင်ကြောင်းကို ပုံဖော်ညွှန်းဆိုထားခြင်းဖြစ် ကြောင်းသိရသည်။

ကမ္ဘာပေါ်တွင် ကျင်းပပြုလုပ်ပြီးသမျှ အိုလံပစ်ပြိုင်ပွဲတိုင်းတွင် ကိုယ်ပိုင် ဆောင်ပုဒ်များ ရှိပြီး ၎င်းဆောင်ပုဒ်အားလုံးသည် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးအတွက် မျှော်မှန်းချက်များ ပါဝင်ကြောင်း ဆိုထားသည်။ထို့ပြင် အိုလံပစ်အမှတ်တံဆိပ် ၊ လာဘ်ကောင်များ၊ဆုတံဆိပ်များ နှင့် မီးရှူတိုင်များတွင်လည်း အဓိပ္ပါယ်ကိုယ်စီရှိကြောင်းသိရသည်။
၂ဝဝ၈ ခုနှစ်တွင်ကျင်းပခဲ့သည့် ပေကျင်းအိုလံပစ်၏ ဆောင်ပုဒ်မှာ “ ကမ္ဘာတစ်ခု၊အိပ်မက်တစ်ခု” ဖြစ်ပြီး ၂ဝ၁၂ ခုနှစ် လန်ဒန်အိုလံပစ်ပြိုင်ပွဲ၏ဆောင်ပုဒ်မှာ “ မျိုးဆက်သစ်များကို လှုံ့ဆော်ခြင်း” ဖြစ်သည်။ လတ်တလောတွင် နိုင်ငံရေးအကြပ်အတည်းများဖြင့် ရင်ဆိုင်နေရသော ဘရာဇီးနိုင်ငံ၏ Rio2016 အိုလံပစ်ပြိုင်ပွဲ ဆောင်ပုဒ်ကို “ ကမ္ဘာသစ်တစ်ခု” ဟူ၍ပေးထားကြောင်း ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများက ဇွန်လက ဖွင့်ဟ ဖော်ပြခဲ့သည်။
“ ပိုကောင်းတဲ့ ကမ္ဘာကြီးတစ်ခုကို အမွေအဖြစ်ထားခဲ့ဖို့ဆန္ဒရှိပါတယ်” ဟု Rio2016 ပြိုင်ပွဲကျင်းပရေး ဌာနခွဲညွှန်ကြားရေးမှူးBeth Lula က ပြောသည်။ထို့ပြင် “တည်ငြိမ်အေးချမ်းတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ ဆောင်ပုဒ်မှာပြောထားတယ်။ ကျနော်တို့ဟာ ဧရာမအပြောင်းအလဲဖြစ်နေတဲ့ကမ္ဘာကြီးမှာ နေထိုင်နေကြတာပါ။ Rio 2016 ကတော့ နောင်လာမည့်မျိုးဆက်သစ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးတစ်ခုဖြစ်ဖို့အမွေးပေးခဲ့မှာပါ” ဟု ၎င်းကဆက်ပြောသည်။
အဆိုပါ ဆောင်ပုဒ်နှင့်ပတ်သက်၍ နိုင်ငံတကာအိုလံပစ်ကော်မတီဥက္ကဋ္ဌ Thomas Bach ကလည်း သဘောတူလက်ခံကြောင်းပြောဆိုထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.