Connect with us

Education & Health

ကျောင်းပြင်ပ ပညာရေး ဦးစီးဌာနကို မကြာမီ ဖွဲ့စည်းမည်

စာသင်ကြားနေသည့်ကလေးငယ်များအားတွေ့ရစဉ် (မြဝတီ)

ရန်ကုန်၊ ဇူလိုင်၁၀ရက် (ဆင်ဟွာ)

ကျောင်းပြင်ပ ပညာရေး ဦးစီးဌာနကို မကြာမီ ဖွဲ့စည်းမည် ဖြစ်ပြီး၊ အဆိုပါ ကျောင်းပြင်ပ ပညာရေး ဦးစီးဌာနကို ဖွဲ့စည်းပြီးပါက ယင်း ဦးစီးဌာနတွင် အကြံပေး ပညာရှင် ၂၅ ဦး ခန့်ထားရှိရန် လျာထားကြောင်း ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိ စာရင်းအရ မြန်မာနိုင်ငံ၌ အသက် ငါးနှစ်မှ ၁၆ နှစ် အတွင်း ကလေးငယ် ၂. ၇ သန်းသည် ကျောင်းမနေသူများနှင့် အကြောင်း အမျိုးမျိုးကြောင့် ကျောင်းမှ စောစီးစွာ ထွက်ခွာရသူများ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အသက် ငါးနှစ်မှ ၁၆ နှစ်အတွင်း ကလေးငယ် ၁ .၃ သန်းသည် လုပ်ငန်းခွင် အတွင်း ရောက်ရှိနေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၌ အသက် ၁၅ နှစ်အထက် သက်ကြီး စာမတတ်သူ ၃.၅ သန်း ရှိနေကြောင်း တွေ့ရှိရ၍ ကျောင်းပြင်ပ ရောက်နေသူ များအတွက် ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း ဆိုသည်။
ထိုသို့ လုပ်ဆောင်ရန် ယခုနှစ် အတွက် ကျောင်းပြင်ပ မူလတန်းနှင့် အလယ်တန်း ပညာရေး အတွက် ငွေကျပ် သန်း ၁ဝဝဝ နီးပါး သုံးစွဲသွားမည် ဖြစ်ကြောင်း ၊အဆိုပါ ဦးစီးဌာနကို ထူထောင်ပြီးပါက ကျောင်းပြင်ပ ပညာရေး လုပ်ငန်းများ၊ ဘဝတစ်သက်တာ သင်ယူမှု လုပ်ငန်းများကို အရည်အသွေးရှိ ပညာရေးကဏ္ဍ၏ တစ်စိတ် တစ်ပိုင်းအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။ ယင်း အစီအစဉ်သည် အကြောင်း အမျိုးမျိုးကြောင့် ကျောင်း ဆက်လက် တက်ရောက်နိုင်ခြင်း မရှိသူများနှင့် ပညာမပြီးဆုံးမီ ကျောင်းထွက်သွားရသည့် သူများ အတွက် ပညာသင်ကြားနိုင်ခွင့် ဖန်တီးပေးမည့် ပညာရေး အစီအစဉ် ဖြစ်ကြောင်း မြဝတီသတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.