ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ) မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ ဆွေးနွေးနေသော တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA) မူကြမ်း ဆွေးနွေးပွဲကို တစ်ပတ်ခန့် ယာယီ ရပ်နားမည်ဖြစ်ကြောင်းနှင့် မတ်လ (၃၀) ရက်နေ့တွင် ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အာဏာခွဲဝေခြင်းနှင့် ပတ်သက်၍ တပ်မတော်မှ ပြည်ထောင်စု လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းခဲ့ခြင်းသည် လက်ရှိဆွေးနွေးနေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက် ကောင်းသည့် ရလဒ်ထွက်လာနိုင်ကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တချို့က မှတ်ချက်ပေးသည်။
ရန်ကုန်၊ မတ်၂၀ ရက် (ဆင်ဟွာ) ပုပ္ပားတောင်မကြီးတွင် မတ်လ ၁၃ ရက် ကတည်းက တောမီးလောင်ကျွမ်းခဲ့ရာ ယနေ့ ၈ ရက်ကြာသည်အထိ ဆက်လက်လောင်ကျွမ်းဆဲဖြစ်ပြီး ယခုမီးလောင်မှုသည် ပုပ္ပါးတောင် အတွက် အကြီးကျယ်ဆုံး မီးလောင်မှုတစ်ခုဖြစ်သည်ဟု ပုပ္ပါးတောင် ချစ်သူများအသင်းမှ ဦးကျော်ဝင်းဆွေက ဆင်ဟွာသို့ ပြောသည်။
ရန်ကုန်၊ မတ်၂၀ ရက် (ဆင်ဟွာ) ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ သူများ၏ ကျင့်ဝတ်နှင့် ပက်သက်၍ ယနေ့ ကြေညာချက ်ထုတ်ပြန် လိုက်သည်။
နေရောင်ခြည်စွမ်းအင်သုံးပြီး ၅လလောက်ကြာခရီးစဉ် ကမ္ဘာပတ်ပျံသန်း စံချိန်တင်မည့် Solar Impulse 2 လေယာဉ်ဟာ အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ကနေ မြန်မာနိုင်ငံ မန္တလေးမြို့ကို ရောက်ရှိလာခဲ့ပြီး နောက်တစ်ဆင့်အဖြစ် မန္တလေးကနေ တရုတ် နိုင်ငံ Chongqing နဲ့ Nanjing မြို့တို့ကို ပျံသန်းမှာလည်း ဖြစ်ပါတယ်။