ရှီးကျားကျွမ်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေ ပြည်နယ်၊ Qianxi ခရိုင်၌ ရှေးဟောင်း မဟာတံတိုင်းကြီး၏ အပိုင်းတစ်ပိုင်းက တောင်စဉ်၊ တောင်တန်းများတစ်လျှောက် ဖြန့်ကျက်လျက်ရှိသည်။
အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့သို့ Air China က အသွား၊ အပြန် လေကြောင်းခရီးစဉ်များအား ဒီဇင်ဘာ ၂၉ ရက်တွင် စတင်ခဲ့သည်။ ယင်းလေကြောင်းခရီးစဉ်များက တရုတ်နိုင်ငံနှင့် တူရကီနိုင်ငံတို့အကြား ကုန်သွယ်မှု၊ ခရီးသွားနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးများကို ပိုမိုအားကောင်းစေမည် ဖြစ်ကြောင်း...
ကျိရှီဆန်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်တွင် ငလျင်ဒဏ်ဆိုးဝါးစွာ ခံစားခဲ့ရသောမြို့နယ်များရှိ ဒေသခံများအတွက် ယာယီခိုလှုံနေရာများ ပံ့ပိုးပေးနိုင်ရန် ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၃ နာရီအထိ အသင့်နေ အဆောက်အအုံ ၁၅,၈၁၂ လုံး တည်ဆောက်ခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ ငလျင်ဘေးအန္တရာယ်လျော့ပါးရေးဌာနက...
ဂျေရုဆလမ်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF) က ဂါဇာဒေသတောင်ပိုင်း Khirbat Ikhza’a ဒေသတွင် စစ်ရေးလှုပ်ရှားမှုများအား စတင်ခဲ့ကြောင်း ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ ဘက်အသီးသီးအနေဖြင့် နိုင်ငံမြောက်ပိုင်း အခြေအနေကို သိမ်မွေ့ညင်သာစွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။