ကျိရှီဆန်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကန်းစုပြည်နယ်တွင် ဒီဇင်ဘာ ၁၈ ရက် ညနှောင်းပိုင်းက အင်အား ၆.၂ အဆင့်ရှိသော ငလျင်လှုပ်ခတ်ပြီးနောက် ယာယီပြောင်းရွှေ့စခန်းများ၌ စေတနာ့ဝန်ထမ်းများနှင့် စိတ်ကုထုံးပညာရှင်များက ငလျင်ဒဏ်ခံစားခဲ့ရသော ကလေးများကို ပန်းချီဆွဲခြင်း၊ ဂိမ်းကစားခြင်းနှင့် စာသင်ပြပေးခြင်း အပါအဝင် ပရဟိတစာသင်ခန်းများ စတင်ဖွင့်လှစ်ကာ...
ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဂါဇာဒေသရှိ အလွန်လိုအပ်နေသော အရပ်သားပြည်သူများအတွက် အကူအညီများ တိုးမြှင့်ပေးအပ်မှုဆိုင်ရာ အရေးကြီးသည့်ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ဒီဇင်ဘာ ၂၂ ရက်က ခွင့်ပြုခဲ့ကြောင်း၊ သို့ရာတွင် အစ္စရေးနှင့် ဟားမက်စ်ကြား “အရေးပေါ်စစ်မက် ရပ်ဆိုင်းခြင်း” အတွက် မူလတိုက်တွန်းချက်မှာမူ ပါဝင်ခြင်းမရှိကြောင်း သိရသည်။
ရီယိုဒီဂျနေးရိုး၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ဆောပိုလိုပြည်နယ်၊ လူနေရပ်ကွက်တစ်ခု၌ ဒီဇင်ဘာ ၂၃ ရက်က လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ပြီး လူငယ်တစ်ဦးအပါအဝင်၊ လူငါးဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာများတွင် သတင်းဖော်ပြခဲ့သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တွင် လေထုညစ်ညမ်းမှုအဆင့် မြင့်တက်လာခြင်းကြောင့် မော်တော်ယာဉ်များသွားလာမှုနှင့် ဆောက်လုပ်ရေးလုပ်ငန်းများဆိုင်ရာ ကန့်သတ်ချက်များကို ထပ်မံ၍ ချမှတ်ခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် အမေရိကန်ကားထုတ်လုပ်ရေး Tesla Inc. ၏ စက်ရုံသစ်စီမံကိန်းကြီးကို တရားဝင် စတင်ပြီဖြစ်ကြောင်းနှင့် ယင်းစက်ရုံက တစ်နှစ်လျှင် Megapack အခုရေ ၁၀,၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိကြောင်း ကုမ္ပဏီက ကြေညာခဲ့သည်။