ဖရန့်ဖွတ်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ဂျာမနီပြည်သူလူထု ၆၀ ရာခိုင်နှုန်းနီးပါးသည် တရုတ်မော်တော်ကားထုတ်လုပ်သည့်ကုမ္ပဏီများမှ ကားများကို ဝယ်ယူရန် ဆန္ဒရှိကြောင်း ဂျာမနီနိုင်ငံ အကြီးဆုံးသယ်ယူပို့ဆောင်ရေးအသင်း Allgemeiner Deutscher Automobil-Club (ADAC) က လတ်တလောထုတ်ပြန်ခဲ့သော စစ်တမ်းတစ်ခု၏ရလဒ်တွင် ဖော်ပြခဲ့သည်။ လျှပ်စစ်ကားသီးသန့် ဝယ်ယူရန် စိတ်ဝင်စားသော ဖြေဆိုသူများတွင်...
ပေကျင်း၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) အသားပိုအကျိတ်ကုသမှုတွင် ဆေးဝါးပေးပို့မှုတိကျစေရေးအတွက် မိုက်ခရို/နာနို စက်ရုပ်များအား သုတေသီများက တီထွင်ထုတ်လုပ်လျက်ရှိပါသည်။ ထိုသေးငယ်သော စက်ရုပ်များသည် ဆေးဝါးများကို အကျိတ်များအတွင်းသို့ တိုက်ရိုက်ထုတ်လွှတ်ရန် ခန္ဓာကိုယ်ထဲတွင် တိကျသည့်လမ်းညွှန်ချက်ဖြင့် သွားလာနိုင်ပြီး ကင်ဆာရောဂါကုထုံးအတွက် အလားအလာရှိသော တိုးတက်မှုဖြစ်ပါသည်။ (Xinhua) ———————– Micro/nano-robots in...
ဒမတ်စကပ်စ်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အလယ်ပိုင်းဒေသ စစ်ရေးနေရာ အများအပြားသည် အောက်တိုဘာ ၆ ရက်တွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရပြီး ပစ္စည်းဥစ္စာဆုံးရှုံးမှုအချို့ ဖြစ်ပွားခဲ့ကြောင်း ဆီးရီးယားစစ်တပ်က ယင်းနေ့၌ ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် အောက်တိုဘာ ၆ ရက် ည...
(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ= ၂,၆၄၈ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး) = ၅,၃၉၁,၇၅၁ ကျပ် (YGEA) ဖော်ပြပါ အချက်အလက်များသည် (၇.၁၀.၂၀၂၄ ) တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန်သော အဖွင့်ဈေးနှုန်းများကို စုစည်းဖော်ပြခြင်းဖြစ်သည်။ ဈေးနှုန်းများ အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။ (Xinhua)...
ပေကျင်း၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ကုလသမဂ္ဂက စေလွှတ်ထားသော လက်ဘနွန်နိုင်ငံတောင်ပိုင်းနယ်စပ်ဒေသရှိ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များသည် မူလနေရာ၌ ခေတ္တဆက်လက်တပ်စွဲထားရန် ဆုံးဖြတ်ထားကြောင်း ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုလှုပ်ရှားရေးအဖွဲ့တာဝန်ရှိသူက အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။ ယင်းမတိုင်မီ အစ္စရေးက လက်ဘနွန် ဟစ်ဇ်ဘိုလာ ပစ်မှတ်များကို မြေပြင်စစ်ဆင်ရေးများ ပြုလုပ်တော့မည်ဟု ပြောကြားခဲ့ပြီး လက်ဘနွန်တောင်ပိုင်းရှိ...